Unicode Version
"သခင်လေး"
ခေါ်သံ တစ်ခုကြောင့် အရာအားလုံးရပ်ဆိုင်းသွားသည်။
"ပြန်ဖို့အဆင်သင့် ဖြစ်ပါပြီ"
ဇော်ဇော်အောင် မဟုတ်ဘဲ။ တခြားတစ်ယောက်ပါ။
"ကျစ်"
သူ့ရဲ့ စိတ်ရှူတ်မှု့ကြောင့် နူတ်က ထွက်လာသည့် အသံ။ သွန်းခက် လက်နှစ်ဖက်မှာ တုန်ခါ နေသည်။ တနည်း တရိတ်ရိတ်နဲ့လဲ မူးနှောက် နေတာ ဖြစ်နိုင်သည်။
"ဟိုကောင်ကော"
လာပြောသည့် ကောင်လေးမှာ အခြေအနေကို တွေ့သွားတော့ မျက်နှာ ထူပူနေသည်။ သွန်းခက် ရှက်စိတ်ကြောင့် အသက်ရူပင်ကျပ် လာသည်။
"ဗျာ"
"ဇော်ဇော်အောင် မင်းကိုလွတ်လိုက်တာ မဟုတ်လား"
ကိုယ်တိုင်မလာရဲလို့ တခြားသူ လွတ်လိုက်တာ မဟုတ်လား။ နေကမ္ဘာ မျက်စောင်းတချက် ထိုးပီ့း သူမကိုလွတ်ပေးလိုက်သည်နှင့်စိတ်ကိုလျော့ချလိုက်၍ အရုပ်ကျိုးပျက် လဲကျသွားသော သွန်းခက်။
သူ တချက်သာ ကြည့်ပြီး
"လူစုံပြီလား"
"ဟုတ်ကဲ့"
ခရီးဆက်ရအုံးမည်။ သူ့နေရာပြန်ဖို့ကလဲ လိုသေးတာကိုး။ ထို့ကြောင့် အုပ်ချုပ်ရေး အဖွဲ့အဝင်တွေနဲ့ သွားတွေ့ရပေလိမ့်မည်။
++++++++++
Heaven ရဲ့ ဗဟိုချုပ်ကိုင်ထားသည့် အဖွဲ့အစည်း သီးသန့်ဌာနဆိုတာ နေကမ္ဘာရဲ့နေရာ ဖြစ်သည်။ ထိုနေရာ ရောက်ဖို့က ကုန်းတတန် ရေတတန် ဖြတ်ရသည်
တနည်းဆိုရမည်ဆိုရင်။မဲခေါင်မြစ်အတိုင်းစုံဆင်းပြီးမှ နယ်စပ် တနေရာမှာ တည်ရှိခြင်းဖြစ်သည်။ ထိုနေရာသည်။ Heaven ကို ထိန်းချုပ်နိုင်မည့် နေရာ ကောင်စ ဖြစ်ပြီး ညိူ့မှိုင်းနေသည့် တော တစ်တော လုံးကို နေရာသတ်မှတ်ထားလေရာ။
နေကမ္ဘာနေသည့် နေရာ ရောက်ဖို့က ကားစီးရင်ကို နေ့ဝက်နီးပါးကြာသည်။ ယခုလဲ အနက်ရောင် ကားငါးစီး ထိုတောထဲ အရှိန်အဟုန် မြန်မြန် နှင့် မောင်းနှင် နေသည်။
YOU ARE READING
အတ္တတဖန်နောင်တ(GL)
Romance*လူတစ်ယောက်ရဲ့ အတ္တနဲ့ နောင်တ ယှဉ်တွဲ မှုကနေ အချစ်ဆိုတာ ဖြစ်ပေါ်လာခဲ့ပါတယ်* Own Creation. by Lacuno.