Unicode Version
"အသက်"
သူ့ကို အခန်းထဲထိ တကူးတကလာခေါ်ကြတော့ အရေးကြီးတဲ့သူမှန်းသိသည်။ သို့သော် အသက်ရောက်လာမယ်တော့ သူမထင်ထားခဲ့ဘူး။
Wheelchair နှင့်ကိုမှ အနည်းငယ် လှုတ်ရှားနိုင်ရုံရှိသေးသည်။ သောမက်စ်နှင့်ဇေယျက သူ့ကို့ ကြည့်နေသည်။ သူ့ရဲ့ စိတ်ပူတက်တဲ့ အမူအယာ လေးတွေက အသက်နှင့်တွေ့မှ ပေါ်လာတက်သည် ။
ဒေါ်လေး အတူပါလာသည်။
"ကိုကြီး"
"အသက် ဘယ်လိုရောက်လာတာလဲ နေလဲ မကောင်းသေးဘဲ"
သက်မှူးသျှင်ကပြုံးသည်။
"ကိုကြီး ဘယ်လိုနေလဲ လာကြည့်တာပါနော်။ ဒေါ်လေးတို့ကို အသက်ဆီ ပို့ လိုက် တော့ ကိုကြီးတစ်ယောက်ထဲ အခက်တွေ့ နေလောက်ပြီလို့"
ထိုအခါ သောမက်စ်က
"ညီမလေး ထင်လို့ပါ၊ ဒီကောင်က ပိုအဆင်ပြေနေသေးတယ်"
"ဟင်"
နေကမ္ဘာ အံကြိတ်ပြီးလှမ်းကြည့်ကာ မျက်လုံးပြူးပြသည်။
"နော်....ဇေယျ"
"ဟုတ်တယ်၊ ဒီကောင် ပြောင်းလဲနေပြီ၊ ခန္ဓာကိုယ် မပြောင်းပဲ စိတ်ပြောင်းနေတာကခက်တယ်"
အသက်က ဇေယျတို့ကို ကြည့်သည်။ သူ့ဆီကို အကြည့်ရောက်လာသည်။
"ကိုကြီး အသက်ပြောထားတဲ့ တစ်ယောက် ပဲ လက်ထပ်ရမှာနော်"
ထိုအခါ နေကမ္ဘာက ပြုံးသည်။
"အဲဒီတစ်ယောက်ပဲလေ"
"ဟင် တကယ်လား ကိုကြီး"
သောမက်စ် က သက်ပြင်းချပြီး ဆိုဖာပေါ် ဝင်ထိုင်သည်။ ဇေ ယျက
"ဒီရက်ပိုင်း သူ့အိမ်ထဲက ထွက်မလာတာကို ပဲကြည့်တော့"
သက်မှူးသျှင် ပြုံးစိစိနှင့် သူ့ကို လှမ်းကြည့် သည်။ ဒေါ်လေးက
"မမလေး ဒီမှာ ညအိပ်မှာဆိုတော့ အခန်းပြင် လိုက်တော့မယ်နော်"
"ဒေါ်လေး ပဲကြည့်စီစဉ်လိုက်ပါ"
"ဟုတ်ကဲ့"
YOU ARE READING
အတ္တတဖန်နောင်တ(GL)
Romansa*လူတစ်ယောက်ရဲ့ အတ္တနဲ့ နောင်တ ယှဉ်တွဲ မှုကနေ အချစ်ဆိုတာ ဖြစ်ပေါ်လာခဲ့ပါတယ်* Own Creation. by Lacuno.