#Not for Under (-18)
Unicode Version
သောမက်စ်၊
Alcohol % 50ပါသည့် အရက်ကို သောက်ရင်း မှိန်းနေသည်။ ဆိုဖာပေါ် မှီ နောက်မှီထိုင်ရင်း ရစ်မူးနေသည်။
"အိုး ဘယ်သူများရှိသလဲလို့၊ သခင်လေး တစ်ယောက်ထဲ လား"
အသံကြားရုံနှင့် မည်သူဆိုတာ သိသည်ထက် သူ့ဝန်းသူ့အိမ်မှာ သူနှင့် အတူ နေသည့် သဲသက်စံမှလွဲ၍ တခြားသူ မရှိပါ။
သဲသက်စံက သူ အပျော်နေဖို့ ခေါ်ထားသည့် ထဲက စိတ်တိုင်းကျသည့် သူဖြစ်သည်။ သူ့မက သူ့အလိုက်အထိုက်ကို သိပြီး နာခံတက် သည်။
ထို့ကြောင့်လဲ သူ့အနားမှာ နေနိုင်သည် မဟုတ်လား။
"မင်းကို လာခဲ့ဖို့ ငါမပြောထားဘူး"
အမှန်ပင်။ သဲသက်စံ ရဲ့ ညအိပ်ပိုးဖဲ ဂါဝန်အဖြူ နှင့် သူ့ဆီလှမ်းလာသည်။
"မခေါ်တာကြာတော့ တခြားအသစ်ရနေပြီလားလို့ လာကြည့်တာပါ၊
ရှိမနေတော့ တို့ ပျော်တာပေါ့"
သောမက်စ်က အရက်ခွက်ထဲ အရက်ထည့်ရင်း
"လောလောဆယ် စိတ်မပါသေးဘူး၊ မင်းပြန် တော့"
ဆိုသည်ကို သူ့ပေါ်ထိုင်မတက် ထိနီးကပ်စွာ တိုးကပ်ထိုင်သည်။
"သခင်လေး စိတ်ညစ်နေမယ်ဆိုတာ တို့ ခန့်မှန်းမိတယ်၊ အရင်လိုပဲ တို့ကို ရင်ဖွင့် လို့ရတယ်လေ။
သခင်လေးဘာဖြစ်နေတာကို သာပြောလိုက်၊ တို့က စဉ်းစားကူပေးမယ်"
သောမက်စ်က သူမကို လှည့်ကြည့်ပြီး
"သူ ချစ်တက်သွားပြီထင်တယ်"
ဆိုတော့ သဲသက်စံက နားလည်သည့်အတွက် ခေါင်းညိတ်လိုက်သည်။ သူ့ပုခုံးပေါ် လက်ချောင်းများတင်ပြီးကစားကာ
"သခင်လေးက ဖွင့်ပြောဖို့ ခက်ခဲနေတာကိုး"
",ဟုတ်တယ်"
"ဘယ်သူလို့ထင်လဲ အဲဒီတစ်ယောက်က၊ သခင်လေး အသိထဲကလား"
ခေါင်းညိတ်သည်။ သဲသက်စံက ပြုံးလျက်
"သခင်လေး သူ့ကို ပိုင်ဆိုင်ချင်တယ် ဆိုရင် ဆေးခက်ပြီး အပိုင်သိမ်းလိုက်လို့ရတာပဲ"
YOU ARE READING
အတ္တတဖန်နောင်တ(GL)
Romantizm*လူတစ်ယောက်ရဲ့ အတ္တနဲ့ နောင်တ ယှဉ်တွဲ မှုကနေ အချစ်ဆိုတာ ဖြစ်ပေါ်လာခဲ့ပါတယ်* Own Creation. by Lacuno.