EP 8

1.4K 87 5
                                    

Unicode Version.

"သဘောက ထွက်ပြေးမသွားလို့ အပြစ်မပေးဘူး"

နေကမ္ဘာ အစည်းအဝေး ပြုလုပ်ရာနေရာ ကို ပြန်ရောက်နေပြီ။ မစတင်ခင် သူ့ကို မေးခွန်း ထုတ်နေခြင်းဖြစ်သည်။

"သူ့ကြောင့် အစည်းအဝေး ကို ညအထိရွေ့ ပစ်လိုက်ရတယ်၊ ‌မင်းသဘောထား ကြီးလွန်း နေတယ် ကမ္ဘာ"

နေကမ္ဘာက အကြောင်းမဲ့ ဖိုင် များကို ဖွင့် ကြည့်ရင်း

"သူ‌ သေလို့ မဖြစ်သေးဘူး၊ အသက် ကို ငါဖြေရှင်းချက် ပေးဖို့ အဆင်သင့် မဖြစ်သေးတော့ လောလောဆယ် လွတ်ထားပေးရုံပဲ"

"ဆင်ခြေတွေ"

ထိုသို့ ပြောမည် ကို သူသိသည်။ ဇေယျက

"အခု မင်းရဲ့ ဝန်းထဲမှာပေါ့"

"အင်း သူ ထွက်ပြေးဖို့ ကြံစည်ခဲ့တာ မဟုတ်ဘူး၊ သူထွက်ပြေးအောင် စီစဉ်ပေးနေတာက ဇော်ဇော်အောင်။

ဒါကြောင့် ဇော်ဇော်အောင်ကို ဖမ်းချုပ်ထားတယ်။  အစည်းအဝေးပြီးမှ အပြစ်ပေးတဲ့ အလုပ်ကို ဆက်လုပ်မယ်"

နီကို က

"ထားလိုက်တော့၊ အဲတာ အရေးမပါဘူး။ အလုပ်ဆက် လုပ်ရမယ်"

ကမ္ဘာ သက်ပြင်းချလိုက်သည်။ ခြေနှစ်ဖက်လုံး ဆေးစည်းထားသည့် သူမ နောက်တကြိမ်တော့ သူ့ကိုပြဿနာ ရှာလောက်သေး ပါဘူး။

တမင်ရည်ရွယ်ပြီး ပွက်လော ရိုက်အောင် လုပ်ခဲ့တယ် ဆိုတာ သူ သိသည်။ ဇော်ဇော်အောင်က ဘာကြောင့် သူမကို ထွက်ပြေးစေချင်နေလဲ‌ဆိုတဲ့ အဖြေကို အရင်ဆုံးရှာရမည်။

သူမ ပါးနပ်သားပဲ၊ မလွတ်နိုင်မှန်းသိ၍ သူ့တို့ကို ဒုက္ခပေးရုံသက်သက် ဖန်တီးပေမယ့် အကြောင်းမလှစွာ ခြေထောက်နှစ်ဖက်မှာ လောလောဆယ် လမ်းလျောက်မရသေးပါ။

ည ၁၂ ကျော်ကျော်အထိ အစည်းအဝေး မှာ အချိန်ကုန်ပြီး သူ့ဝန်းကို ပြန်ရောက်ချိန် တိတ်ဆိတ်နေသည့် အနေအထား ဖြစ်နေပြီ။

ဒေါ်လေးတို့လဲ အနားယူနေလောက်ပြီ။ သူ့ရဲ့အခန်းထဲ ဝင်လာချိန်မှာတော့ ယခုထိ မအိပ်သေးဘဲ ထိုင်နေသည့် သူမကြောင့် ခြေလှမ်း ရပ်သွားသည်။

အတ္တတဖန်နောင်တ(GL)Where stories live. Discover now