ညကမိုးရွာထားလို့ထင်ပါရဲ့ သစ်ပင်နဲ့ပန်းပင်လေးတွေမှာ မိုးရေလေးတွေစိုလို့ မိုးနံ့လေးခပ်သင်းသင်းနဲ့ နေလို့ကောင်းလိုက်တာ လူကတော့နေလို့ကောင်းပေမယ့် ညကပြန်မလာတဲ့မောင့်ကြောင့် စိတ်ထဲတော့နေလို့မကောင်းဘူးရယ်
အခုလဲခြံထဲမှာမောင့်ကိုမျှော်နေမိတယ် သူ့အမနဲ့ကွဲရတာကိုယ်ကြောင့်တဲ့လေ မဆိုင်ပါဘူး မသိပါဘူး ပြောလဲ လက်မခံတော့ ဘယလိုလုပ်ရပါ့ ချစ်တဲ့သူနဲ့အတူနေရင်စိတ်ချမ်းသာမယ် ထင်ခဲ့ပေမယ့် တကယ့်လက်တွေ့က သေမလိုပါပဲမောင်ရယ် သေမလိုပါပဲ မောင်ဘယ်လောက်ပဲငါ့အပေါ်မကောင်းပါစေ ငါကတော့မောင့်ကိုဆက်ချစ်နေဦးမှာပါ
ကျွန်မလည်းမောင့်အကြောင်းစဉ်းစားနေရင်း ရုတ်တရက် ကားဟွန်းသံကြားလို့သွားကြည့်လိုက်တာ မောင်ပဲ ကျွန်မလည်းတံခါးကိုမြန်မြန်ဖွင့်ပေးလိုက်ပြီး
"မောင် ညကဘာလို့ပြန်မလာတာလဲ ငါစောင့်နေတာ "
"ငါပြန်မလာတာ မင်းနဲ့ဘာဆိုင်လဲ"
"ငါစိုးရိမ်လို့ပါ မောင်ရယ် "
"ဟန်ဆောင်မနေနဲ့ ဆောင်းနှင်းဒေဝီ"
"ငါ့စိတ်ကဘာလို့နားမလည်ရတာလဲ"
"တော်စမ်းပါကွာ အဲ့လိုဆိုမင်းလဲဘာလို့ငါ့စိတ်ကိုနားမလည်လဲ မင်းပြောလေ စောက်ပိုတွေသိပ်မလုပ်နဲ့ ဆောင်းနှင်းဒေဝီ "
"မောင် ဟန်နီသေတာ ငါနဲ့မှမဆိုင်တာ သူ့ဟာသူအမူးလွန်လို့ကားမှောက်ပြီးသေတာလေ ဘာလို့ငါ့ကိုမုန်းနေရတာလဲ"
"မင်းစောက်ပါးစပ်ကိုပိတ်ထားလိုက်တာကောင်းမယ် မင်းပါးစပ်က ငါ့အမနာမည် မထွက်နဲ့"
"ငါမှားခဲ့တာတစ်ခုမရှိဘူးမောင် အဲ့တာကြောင့်ဟန်နီရဲ့နာမည်ကိုမခေါ်ရဲစရာလဲမလိုဘူး"
ဖြောင်း.....
ကျွန်မခနကြောင်အနေမိသည် မောင်သည်ကျွန်မပါးကိုမညှာမတာရိုက်လိုက်သည် အားပြင်းတာကျွန်မပြစ်လဲတဲ့အထိပင်
"မောင်.... ငါ့ကိုဘာလို့ရိုက်လိုက်တာလဲ မောင်ရယ် ငါဘာပြောရသေးလို့လဲ"
YOU ARE READING
သံသရာအဆက်ဆက်ချစ်ပါမည် (Complete)
Non-Fictionငိုနိုင်မှဖတ်ပါ မင်းသမီးဇာတ်နာပါမယ်နော်