"မောင့်အတွင်းရေမှူးမလုပ်ချင်ပါဘူး"
"အဲ့တာဆို ယောက်ျားလေးတွေနဲ့စကားပြောရမယ်ဆိုတဲ့သဘောပေါ့"
"အနဲနဲ့အများတော့ပြောရမှာပဲလေ"
"ခဗျားသဘောပဲ"
ပြောပြီးတော့ဖုန်းကိုချက်ချင်းချသွားသည် ဘာဖြစ်သွားတာလဲ ငါအလုပ်လုပ်လို့များလား ကျွန်မလည်းဖုန်းထပ်ခေါ်ပြီးသေချာရှင်းပြတာတောင်လက်မခံချင်ပါဘူး အဲ့လိုပုံစံမျိုးနဲ့ပဲ တွဲလာတာမောင်နဲ့ကျွန်မ ချစ်သူသက်တမ်း၆လပြည့်သွားပါတယ် ဆက်ဆံရေးကတိုးတက်လာပါတယ် တနေ့တော့
"ဆောင်း မောင့်အမနဲ့အဆက်အသွယ်ရလား""မရဘူး မောင်ရောအဆက်အသွယ်ရလား"
"မရလို့ပေါ့"
"ဟန်နီကလည်းဘယ်တွေရောက်နေမှန်းမသိဘူး"
"သူငယ်ချင်းဖြစ်ပြီးမသိဘူးလား"
"အော်မောင်ရယ် ငါ့ဖုန်းကိုကိုင်မှမကိုင်တာ"
"ထားပါတော့ အခုတော့မောင်သွားတော့မယ် အလုပ်ရှိလို့"
"အင်းသွားလေ"
အဲ့လိုနဲ့ကျွန်မလည်းကော်ဖီဆိုင်မှာတစ်ယောက်ထဲကျန်ခဲ့တော့သည် စဉ်းစားလို့ကိုမရဘူး ဟန်နီဘယ်တွေရောက်နေမှန်းမသိဘူး ဖုန်းဆက်ကြည့်ရင်ကောင်းမယ် ဆက်သွယ်လို့ရရမရရပေါ့ ကျွန်ဟိုရက်တွေကဖုန်းခေါ်တုန်းကဆက်သွယ်မှုဧရိယာပြင်ပပဲဖြစ်နေတယ် အခုထပ်ခေါ်ကြည့်လိုက်မယ် ဝင်သွားပြီဖုန်းက တော်တော်နဲ့တော့မကိုင်သေးပါ
"ဟယ်လို "
"ဟန်နီ နင်ဘယ်တွေရောက်နေလဲ ဘာလို့အဆက်အသွယ်မလုပ်တာလား"
"ငါ..ငါ ကိုယ်ဝန်ရှိနေပြီ "
"ဟမ် ဘယ်လို နင်ဘယ်သူနဲ့ရတာလဲ"
"ငါရည်းစားနဲ့ အခုသူနဲ့အဆက်အသွယ်လည်းမရတော့ဘူး "
"အခုနင်ကဘယ်မှာလဲ"
"ငါနယ်မှာရောက်နေတာ"
"ပြန်လာခဲ့ပါလား နင်အဲ့လိုရှောင်နေလို့အဆင်မပြေဘူးနော် ဟန်နီ မောင်ကလည်းနင့်ကိုမေးနေတယ် "
"ဧကရာဇ်ကိုမပြောပါနဲ့ဟယ် သူသိရင်မလွယ်ဘူး"
"အေးပါ ငါမပြောဘူး အခုနင်ရန်ကုန်ကိုပြန်လာခဲ့နော်"
YOU ARE READING
သံသရာအဆက်ဆက်ချစ်ပါမည် (Complete)
Non-Fictionငိုနိုင်မှဖတ်ပါ မင်းသမီးဇာတ်နာပါမယ်နော်