ကျွန်တော်နဲ့ဆောင်းလည်း တော်တော်လေးအဆင်ပြေနေပါပြီ အခုဆိုရင်ကျွန်တော့်ရဲ့ကိုယ်ပွားလေးလဲ မွေးပြီးပြီဖြစ်သည် သားကကျွန်တော်နဲ့သိပ်ကိုတူလွန်းတယ်ဗျာ ကျွန်တော့်မှာမိန်းမရော ကလေးရောချစ်လို့ကိုမဝနိုင်ဘူး
"မောင်"
"ဗျာ"
"သားကိုခနထိန်းပေးဦး ထမင်းချက်မလို့"
"ဟုတ်ပါပြီ မောင်ထိန်းပေးမယ်"
"သားသားရေ "
သားကသူ့အဖေအသံကြားတာနဲ့ ဆောင်းလက်ထဲကနေတအဲအဲနဲ့ သားကငယ်ငယ်ထဲကမောင်လက်ထဲမှာဆိုငြိမ်နေတက်သည် မောင်ပြောပြတဲ့အကြောင်းတွေကိုလည်းစိတ်ဝင်တစားနားထောင်တက်သေးသည် ဒါတောင်တစ်နှစ်မပြည့်သေးလို့ အခုဆိုရင်အဖေအသံကြားတာနဲ့မရပါ ကော့လန်ထိုးပြီးအသံပေးတက်သေးသည် ဖအေချစ်သားလေးပင် သူ့အဖေလာတာနဲ့
"သားကဖေဖေ့ဆီလာချင်လို့လား ဟုတ်လား ခေါ်မှာပေါ့ ဖေ့သားကို "
ပြောပြီးဆောင်းလက်ထဲကသားကို ချီလိုက်သည် သားသည်မောင်လက်ထဲရောက်တာနဲ့ပြုံးပြီးပျော်နေတာများ
"ဆောင်း မောင့်ကိုလာနမ်းပါဦး သားကိုထိန်းစေချင်ရင်မောင့်ကိုနမ်း"
"အော် မောင်ကသားအဖေပဲသားကိုထိန်းရမှာပေါ့"
"မရဘူးပေးကွာ"
"သူလိုချင်ရင်လိုချင်တယ်မပြောဘူး ဟွန့်"
"လုပ်ပါမိန်းမကလည်း မောင့်ကိုမသနားဘူးလား"
"မောင်ကလေ ကလေးရှေ့မှာကို"
"သားကနားမလည်သေးပါဘူး မိန်းမရယ်"
"ဒီနားတိုး"
ဆောင်းလည်းနမ်းမလိုလုပ်ပြီးမောင့်ပါးကိုကိုက်လိုက်သည်
"အား.....ဆောင်းမောင်နာသွားပြီနော်"
"မောင်ကအတင်းတောင်းနေတာကို"
"ဟာ ကိုယ့်မိန်းမကိုယ်ချစ်လို့တောင်းတာလေ"
"သားရှိတယ်လေ"
"အော် မိန်းမကသားကိုရှက်နေတာကို"
သားကိုကြည့်လိုက်တော့လဲသူတို့နှစ်ယောက်ကို တစ်ယောက်တစ်လှည့်ကြည့်နေတယ်
"ထမင်းသွားချက်တော့မယ်"
"ချက်ပါဗျာ ကျွန်တော်မျိုးပဲနမ်းတော့မယ်"
မောင်ကပြောပြောဆိုဆိုနဲ့ဆောင်းရဲ့ပါးကိုလာနမ်းလိုက်သည် ဆောင်းလဲမနိုင်တဲ့အကြည့်နဲ့ကြည့်ပြီးမီးဖိုထဲထွက်လာခဲ့လိုက်သည် ဆောင်းတို့မိသားစုအခုဆိုရင်တော်တော်လေး ပျော်ဖို့ကောင်းနေပြီ
အတိတ်ကဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုနဲ့ရှေ့ဆက်ရင် ဘဝကပျော်စရာကောင်းမှာပါ သူရောကိုယ်ရောမာနတွေနဲ့ရှေ့ဆက်ရင်တော့သာယာတဲ့မိသားစုဘဝကိုမရောက်နိုင်ပါဘူး ဆောင်းနဲ့မောင်လည်း အစထဲကသာမာနတွေ အတ္တတွေမရှိရှေ့ဆက်ရင် အရင်တုန်းကလိုပြသနာတွေဖြစ်ကြမယ်မထင်ဘူး ဒါပေမယ့် ဒါတွေကပြီးပါပြီလေ အကုန်လုံးကသူ့နေရာနဲ့သူ အဆင်ပြေသွားလို့ကျေနပ်မိပါတယ် ဆောင်းနဲ့မောင်နဲ့လည်းထာဝရလက်တွဲပြီးသားလေးကိုပျိုးထောင်ရင်း ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတော့မယ်
Nadi❤️
YOU ARE READING
သံသရာအဆက်ဆက်ချစ်ပါမည် (Complete)
Non-Fictionငိုနိုင်မှဖတ်ပါ မင်းသမီးဇာတ်နာပါမယ်နော်