နောက်နေ့မနက်ရောက်တော့ ကျွန်မမောင့်အတွက်မနက်စာလုပ်ပြီး ဧည့်ခန်းထဲမှာထိုင်စောင့်နေလိုက်သည် စောင့်ရင်းနဲ့၁၁နာရီထိုးသွားသည် အခုထိပြန်မလာပါ မနက်ထဲကဘာမှမစားရသေးတာကြောင့်လားတော့မသိ ဗိုက်ကနဲနဲအောင့်ချင်နေပြီ ကျွန်မမှာအစာအိမ်ရောဂါရှိသည်ဆိုတာကို ခနတော့မသိချင်ယောင်ဆောင်ထားချင်သည် စောင့်ရင်းနဲ့နာရီဝက်လောက်နေတော့ မောင်ရောက်လာသည် မောင်အိမ်ထဲကိုဝင်တာနဲ့
"မောင် ဘာသဘောလဲ ငါ့ကိုစာချုပ်နဲ့တရားဝင်လက်မှတ်ထိုးယူပြီးမှဘယ်ကောင်မနဲ့ဖောက်ပြန်တာလဲ"
ကျွန်မကိုသူသေချာကြည့်နေပြီး
ဖြန်း....
မထင်မှတ်ထားပါဘူးမောင်ရိုက်လိုက်မယ်လို့
"ဘယ်သူ့ကိုကောင်မလို့ပြောလိုက်တာ ဆောင်းနှင်းဒေဝီ "
ကျွန်မဒူးထောက်ပြီးမောင့်ခြေသလုံးကိုဖက်ကာ
"ငါအဲ့လောက်တောင်ပြောခွင့်မရှိဘူးလား ဟမ် မောင် ငါတောင်းပန်ပါတယ် သူ့ကိုဖျက်လိုက်ပါနော်"
"ဘယ်လိုလုပ်မလဲမဖျက်ပေးနိုင်ဘူး ဘေဘီ့ကိုငါကသိပ်ချစ်တာ "
"အဲ့တာဆို ငါ့ကိုကွာပေးမောင်"
"မကွာပေးနိုင်ဘူး မင်းကိုလိုချင်လို့ယူထားတာကွာစရာလား "
"အဲ့တာဆိုဘာလို့ဖောက်ပြန်လဲ ဘာလို့အဲ့လိုလုပ်ရက်ရတာလဲ"
"စောက်ကျက်သရေကိုမရှိဘူး မင်းမို့လို့ကိုလုပ်တာကွာ ရှင်းလား"
မင်းမို့လို့ကိုလုပ်တာတဲ့ မောင့်ရဲ့အမုန်းတွေကိုမောင့်အနားနေပြီးငါပေးဆပ်သွားမှာပါ ကျွန်မကိုတွန်းထုတ်ပြီးထွက်သွားတဲ့မောင့်ကျောပြင်ကိုတွေတွေလေးငေးနေမိတယ် မောင်သာငါ့ကိုပြန်ချစ်ရင်ကောင်းမယ် မောင်ရယ် မောင်အခုလိုလုပ်လို့မောင့်ကိုမမုန်းပါဘူးစိတ်လည်းမနာပါဘူး ဒါပေမယ့် ဝမ်းနည်းတယ်မောင်အများကြီးဝမ်းနည်းတယ် ငါမောင့်ကိုစချစ်ထဲကအကုန်လုံးပေးဆပ်ထားပြီးသား အခုလဲပေးဆပ်မှာပါ မောင်ဖောက်ပြန်နေပေမယ့်ငါ့မျက်စိရှေ့မရောက်လာရင်ရပြီ ငါ့ကိုမချစ်လည်းရတယ် ငါဆက်ချစ်ပေးမယ် ဆက်ချစ်ပေးမှာမို့လို့....
YOU ARE READING
သံသရာအဆက်ဆက်ချစ်ပါမည် (Complete)
Non-Fictionငိုနိုင်မှဖတ်ပါ မင်းသမီးဇာတ်နာပါမယ်နော်