ကျွန်တော်မြင်ပါတယ် ဆောင်းလာတာကို အဲ့တာကြောင့်တမင်တကာ ကလျာ့ကိုအုပ်မိုးလိုက်တာ ငိုတာလောက်ပဲဖြစ်မယ်ထင်ပေမယ့် ဆောင်းကလဲကျသွားတယ် ကျွန်တော်တကယ်ကိုပြာယာခတ်သွားတာပါ ကလျာကိုတွန်းလွတ်ပြီး
"ဆောင်း...... ဆောင်း သတိထားဦး မောင်ခေါ်နေတယ်ကြားလား"
"မဖြစ်ဘူးဆေးရုံသွားရမယ် "
ဧကရာဇ်အခန်းထဲကကားသော့ကို ဆွဲကာ ဆောင်းကိုယ်လေးကိုပွေ့ချီပြီး ကားပေါ်တင်ကာဆေးရုံကိုသွားပါတော့သည် အနောက်က ကလျာရဲ့ကိုကိုအဲ့မိန်းမကိုခေါ်သွားရင်အပြတ်ပဲနော်ဆိုတဲ့အသံတွေကိုလျစ်လျူရှူပြီး ဆေးရုံကိုအမြန်မောင်းတော့သည် ဆေးရုံရောက်တော့ ဆောင်းခန္ဓာကိုယ်ကိုကုတင်ပေါ်မှာတင်ပြီး ဆရာဝန်ကိုကြည့်ခိုင်းလိုက်တယ်
"လူနာကအစာအိမ်ရောဂါရှိတယ်နော် အစပ်တွေစားထားပုံရတယ် ပြီးတော့စိတ်ထိခိုက်စေမယ့်အကြောင်းရာတစ်ခုခုကိုမြင်ပြီးရှော့ရသွားပုံပဲ အခုတော့ဆေးချိတ်ပေးထားမယ်"
"ဟုတ်ကဲ့ပါ ဆရာ"
ဆရာဝန်ထွက်သွားတော့
"ဆောင်းရယ် ကိုယ်တောင်းပန်ပါတယ် မင်းကိုခံစားစေချင်တဲ့စိတ်ကြောင့်လုပ်လိုက်တာက အခုကိုယ်ပြန်ခံစားနေရပြီ မင်းကိုရိုက်ခဲ့တဲ့လက်ကိုရိုက်ပြီးတိုင်းအကြိမ်ကြိမ်အပြစ်ပေးခဲ့လွန်းလို့အမာရွတ်တွေတောင်ဖြစ်နေပြီ မင်းနိုးလာရင်မောင်အများကြီးဂရုစိုက်ပေးမှာပါ ထပါတော့ကွာ"
တစ်ယောက်ထဲစကားတွေပြောရင်းမျက်ရည်တွေကျနေပါတယ် အချိန်ကတဖြည်းဖြည်းနဲ့မိုးလင်းတော့မယ်ဆောင်းကသတိမရသေးပါဘူး ကျွန်တော့်ကိုကျွန်တော်အပြစ်တင်နေမိပြီ ဆောင်းနိုးလာတာစောင့်ရင်းနဲ့ မနက်မိုးလင်းလာပြီ ၈နာရီကျော်လောက်ကြတော့
"အင်း..ဟင်း..."
ဆောင်းရဲ့သည်းသံကြားတာကြောင့်
"ဆောင်း ဆောင်း နိုးလာပြီလား"
ဆောင်းကကျွန်တော်ကိုစိုက်ကြည့်ပြီးဘာမှလည်းမပြောပါ ကျွန်တော်လည်းစိတ်ပူတာနဲ့ဆရာဝန်ကိုအကြောင်းကြားလိုက်တော့ စိတ်ပူစရာမလိုတဲ့ အခုမှသတိရတာမို့လို့မပြောသေးတဲ့အကြောင်းကိုပြောလာသည် တော်သေးတာပေါ့ ဆောင်းဘာမှမဖြစ်လို့
YOU ARE READING
သံသရာအဆက်ဆက်ချစ်ပါမည် (Complete)
Non-Fictionငိုနိုင်မှဖတ်ပါ မင်းသမီးဇာတ်နာပါမယ်နော်