ဗွမ်း.
"ဆောင်းနှင်းဒေဝီထစမ်း "
မောင့်အသံကြားမှနိုးလာသည် မောင်ကငါ့ကိုမပြစ်ထားတော့တော်သေးသည် ဆောင်းဘယ်လိုလုပ်ပြီးရေတွေစိုနေတာလဲမသိပါ မောင်ငါ့အပေါ်သံယောဇဉ်ရှိသေးပါတယ် အဲ့တာကြောင့်မပြစ်ထားတာပေါ့ တစ်ယောက်ထဲအတွေးထဲမျောနေတုန်း
"နိုးရင်လည်းထ ထိုင်မနေနဲ့ ဘေဘီနဲ့ငါနဲ့စားဖို့တစ်ခုခုလုပ်ပေး"
ကျွန်မထင်နေတာနဲ့လွှဲတော့တာပဲ မောင်ကငါ့ကိုခိုင်းဖို့နှိုးတာကို ငါကဘာတွေမျှော်လင့်မိမှန်းမသိတော့ပါ
"အင်းမောင် ငါလုပ်ပေးမယ်"
ကျွန်မလည်းအောက်ကိုဆင်းပြီးမောင့်အတွက်မနက်စာလုပ်နေလိုက်သည် လုပ်ပြီးတာနဲ့စားပွဲပေါ်သေချာချထားလိုက်သည် ကျွန်မလည်းတစ်ညလုံးအေးနေတဲ့အခန်းထဲမှာနေရတော့လူကအနာအရှိန်ရောကြောင့်ဖျားချင်နေပြီ အဲ့တာကြောင့်ရေချိုးသန့်စင်ဖို့ကိုယ့်အခန်းထဲကိုယ်ဝင်လိုက်သည် ကျွန်မရေချိုးပြီးလို့အဝတ်လဲနေတုန်း
"ဆောင်းနှင်းဒေဝီ ငါခေါ်နေတာမကြားဘူးလား"
"လာပြီ ဘာဖြစ်လို့လဲမောင်"
"မင်းကိုငါဘာပြောလဲ ဘေဘီ့အတွက်ပါ မနက်စာလုပ်လိုက်လို့ပြောတယ်လေ မင်းနားလေးနေလား"
"သူ့အတွက်ငါဘာလို့လုပ်ပေးရမှာလဲ ငါ့ယောက်ျားတစ်ယောက်ထဲအတွက်ပဲ လုပ်ပေးနိုင်မယ် သူ့မှာလက်တွေခြေတွေပါတာ ကိုယ့်ဟာကိုယ်ထလုပ်စားပေါ့"
"ငါ့ဘေဘီကိုခိုင်းစရာလားကွ မခိုင်းချင်လို့တောင်မင်းကိုခိုင်းတာလေ"
"ငါဒီအိမ်ရဲ့ကျွန်မဟုတ်ဘူးမောင်"
"မင်းကငါ့အမိန့်ကိုလွန်ဆန်တာလား"
ကျွန်မဘာပြောရမှန်းမသိတော့ပါ အဲ့အချိန်
"ကိုကိုရယ်ထားလိုက်ပါ ဘေဘီနဲ့ကိုကိုနဲ့အပြင်မှာသွားစားကြမယ်လေ သူလုပ်ထားတာလဲကောင်းမယ့်ပုံမပေါ်ပါဘူး"
"ဟုတ်ပါပြီဗျာ ဘေဘီလေးသဘော"
ကျွန်မရှေ့မှာတင်အနိုင်ရသလိုမျက်နှာပေးနဲ့ထွက်သွားတဲ့မိန်းကလေးကို ကျွန်မပြောချင်တာတောင်ဒေါသတွေထွက်ပြီးပြောချင်တာတောင်ပြောခွင့်မရှိပါဘူး ဘာလို့ဆိုသူ့ကိုကာကွယ်ပေးနေတဲ့သူက ကျွန်မရဲ့နှစ်ယောက်မရှိတဲ့မောင်ဖြစ်နေလို့ပါပဲ မောင်ကသူ့ကိုချစ်တာနဲ့ကျွန်မဘက်ကရှုံးနေပါပြီမောင်ရယ် ခနနေတော့မောင့်ဖုန်းဝင်လာတယ် ကျွန်မဖုန်းကိုင်လိုက်တော့
YOU ARE READING
သံသရာအဆက်ဆက်ချစ်ပါမည် (Complete)
Non-Fictionငိုနိုင်မှဖတ်ပါ မင်းသမီးဇာတ်နာပါမယ်နော်