Part 8

1.2K 23 0
                                    

ကျွန်မပြန်ရောက်ထဲကအခန်းထဲမှာ နေနေတာဖြစ်သည် ညနေကျတော့အခန်းတံခါးလာခေါက်‌သည်
"ဆောင်း မောင်ပါ "

"ဘာကိစ္စလဲ"

"မောင်အကုန်လုပ်ပြီးပြီ အခန်း‌ထဲကပစ္စည်းတွေလဲအကုန်ထုတ်ပြီးအသစ်လိုက်ပြီးပြီ"

"အဲ့တော့ငါကဘာလုပ်ပေးရမှာလဲ"

"မောင် နဲ့လိုက်အိပ်"

"ကောင်းပြီလေ"

အဲ့လိုနဲ့ကျွန်မလည်းအရှေ့ကနေသွား‌လိုက်သည် ကျွန်မကြည့်လိုက်တော့အခန်းရဲ့အနေအထားအကုန်ကိုပြောင်းသွားသည် ကုတင်ပေါ်မှာထိုင်ကာသူ့ကိုလှမ်းကြည့်ပြီး

"နင် ဆိုဖာပေါ်မှာအိပ် ငါ့နားမလာနဲ့"

"ဘာလို့လဲ ဆောင်းနဲ့အိပ်ချင်လို့တောင်အကုန်ပြောင်းထားတဲ့ဟာကို"

"ငါကတော့နင်နဲ့ကုတင်တစ်ခုထဲမအိပ်ချင်ဘူးရွံ့လို့"

"ဆောင်း မောင့်ကိုအထင်လွှဲနေတာ မောင်သူ့ကိုဘာမှမလုပ်ဘူး "

"အဲ့တာဆိုငါအမြင်မှားတာလား နင့်ကိုငါအကြိမ်ကြိမ်သည်းခံခဲ့တယ် ငါနင့်နင့်သီးသီးကိုချစ်လို့ ဒါပေမယ့်နင်ကငါ့အချစ်နဲ့မတန်ဘူး အဲ့တာ‌နင်သိလား နင့်ကိုလေအခုငါစိတ်ထဲမှာမရှိတော့ဘူး ငါ့စိတ်ထဲဗလာဖြစ်နေပြီ အခုလိုချိန်မှာနင်ငါ့ကိုဂရုစိုက်ပြလဲငါရင်ခုန်မှာမဟုတ်ဘူး"

မောင့်မျက်နှာချက်ချင်းပျက်သွားတာ ကျွန်မသိတာပေါ့ မတက်နိုင်ဘူး ငါ့တုန်းကဘယ်လိုခံစားကလဲဆိုတာမောင်သိအောင်ပြပေးရမှာပေါ့ မောင့်ကိုစိတ်နာတယ်ပြောပေမယ့်တကယ်တမ်းစိတ်မနာနိုင်တဲ့ ငါ့ကိုငါတောင်‌မုန်းတယ် မောင်သာအစထဲက ငါ့အပေါ်ဒီလိုတွေမလုပ်ခဲ့ရင် ငါလည်းရင့်ရင့်သီးသီးပြောမှာမဟုတ်ဘူးမောင် အရာအာလုံးကမောင်စခဲ့တာချည်းပဲ အသံတိတ်နေတဲ့မောင်က

"မောင် ဆောင်းအထင်လွှဲနေတာကိုဘယ်လိုပြောပြရမလဲသူ့ကိုခေါ်ပြီးမေးမလား မောင်ဆောင်းကိုနာကျင်အောင်လုပ်ခဲ့သမျှအတွက်လည်းတောင်းပန်ပါတယ်ကွာ နော် "

"တောင်းပန်တိုင်းခွင့်လွတ်ရမှာလား အဟက် ရီစရာကောင်းအောင်သိပ်မပြောနဲ့"

"ဆောင်းကိုမောင်သက်သေပြမယ် သူနဲ့ဘာမှမဖြစ်ခဲ့ဘူးဆိုတာကို"

"နင်ငါ့ကိုဘယ်လိုတွေလိမ်ဦးမလို့လဲဧကရာဇ်မင်းမြတ်မောင်"

"မောင်မလိမ်ပါဘူးကွာ"

"တော်လိုက်တော့နင့်အသံမကြားချင်ဘူး နင့်ရုပ်လည်းမမြင်ချင်ဘူး ဒီအခန်းထဲကထွက်သွား နင်မထွက်ရင်ငါထွက်မှာ"

"ဟုတ်ပြီမောင်ထွက်မယ် ဆောင်းကနေကောင်းတာမဟုတ်ဘူး"

ကျွန်တော်လည်းဆောင်းစိတ်ဆိုးမှာဆိုးလို့ထွက်လာလိုက်သည် ဆောင်းရယ်မောင်ဘယ်လိုရှင်းပြရမလဲ အရာရာအားလုံးကမောင်မှားခဲ့တာပါ မောင်သာဆောင်းကိုမနှိပ်စက်ခဲ့ရင်ဘာမဟုတ်တဲ့ဟာကိုအပြစ်မတင်ခဲ့ရင် ဆောင်းနဲ့မောင်နဲ့ပျော်စရာကောင်းတဲ့မိသားစုဘဝရမှာ မောင်မကောင်းခဲ့တာ ဆောင်းကိုမောင်အခုကစပြီးအရာရာပေးဆပ်ပြီးချစ်ပါမယ်

ဆောင်းထွက်သွားသူကျောပြင်ကိုကြည့်ပြီး အခန်းတံခါးပိတ်တာနဲ့မျက်ရည်တသွင်သွင်ကျပါတော့တယ် ချစ်လျက်နဲ့မချစ်ဟန်ဆောင်နေရတာသိပ်ပင်ပန်းတယ်မောင်ရယ် ဒါပေမယ့်မောင့်ကိုခံစားကြည့်စေချင်တယ် ငါဘယ်လိုဖြစ်လဲဆိုတာ မောင်လည်းအကြောင်းပြချက်‌မ‌‌ေရရာတာနဲ့ငါ့ကိုမုန်းဟန်ဆောင်ခဲ့သလို ငါလည်းမောင့်ကိုစိတ်နာတယ်ဆိုပြီးမုန်းဟန်ဆောင်ပါရစေမောင် မောင်ရောငါရောက မာနကိုယ်စီနဲ့ပူလောင်ရဦးမှာပဲ ငါမာနမရှိချစ်ခဲ့တုန်းကမောင်ဂရုမစိုက်သလို ငါလည်းမာနရှိချင်ယောင်ဆောင်ပြီး မောင့်ဪဲ့ချစ်ခြင်းမေတ္တာကိုဂရုမစိုက်ပဲနေကြည့်လိုက်မယ်မောင် ခံနိုင်ရည်ရှိ‌ပါစေလို့ဆုတောင်းပေးပါတယ်

Nadi❤️

အခုရက်ကစပြီးတစ်ရက်တစ်ပိုင်းတင်ပေးသွားပါမယ်ရှင် နဲနဲတိုသွားတယ်ဆိုတာသိပါတယ်ရှင့်နောက်ရက်ပုံမှန်တိုင်းတင်ပေးပါမယ်ရှင့် 😚

သံသရာအဆက်ဆက်ချစ်ပါမည် (Complete)Where stories live. Discover now