တစ်ရက်တစ်ခြားမောင်နဲ့ကျွန်မရဲ့ဆက်ဆံရေးက တိုးတက်လာသလိုပင် ကျွန်မလည်းအရင်လောက်ခါးခါးသီးသီး မဆက်ဆံတော့ပါ မောင်ကအမြဲတမ်း ကျွန်မကိုတောင်းပန်လေ့ရှိသည် သူမှားခဲ့ပါတယ်ပေါ့ အဲ့အချိန်ဆိုရင်ကျွန်မဘာမှပြန်မပြောပါ ခွင့်လွတ်တယ်လဲမပြောသလို ခွင့်မလွတ်ဘူးလဲမပြောပါ ကျွန်မလည်းကိုယ်ခံစားချက်နဲ့ကိုယ်လေ အဲ့အကြောင်းကိုမကြားချင်တော့တာအမှန် ကျွန်မအတွေးနယ်ချဲ့နေတုန်း မောင်က
"ဆောင်းရေ မောင်ပြန်လာပြီ"
"ပြန်လာပြီလား ရေအရင်သောက်ဦး"
"ရေသောက်တာမောင့်မိန်းမကိုနမ်းတာလောက်အမောမပြေပါဘူးကွာ"
"မရဘူးသောက်"
"ဟုတ်ပါပြီ သောက်မယ်"
ရေသောက်ပြီးတော့
" ဆောင်းနေမကောင်းဘူးလား မျက်နှာမလန်းဘူးဖြစ်နေတယ်"
"ကောင်းပါတယ် ရင်ထဲသိပ်မကောင်းလို့"
"ဆေးခန်းပြမလား ဒါမှမဟုတ်မောင်ဆရာဝန်ပင့်လိုက်မယ်လေ"
"ရပါတယ်အဲ့လောက်ထိမဟုတ်ဘူး"
ဆောင်းတကယ်လဲမပြချင်ပါ အခုရက်ပိုင်းနေရတာမကောင်းဘူး မူးနောက်နောက်နဲ့အန်ပဲအန်ချင်နေတယ်
ဆောင်းရဲ့ပုံစံကြည့်ရတာသိပ်အဆင်မပြေသလိုဖြစ်နေလို့ကျွန်တော်လည်းဆရာဝန်ကိုဖုန်းဆက်လိုက်တော့သည် ခနနေတော့ဆရာဝန်ရောက်လာတော့ ဆောင်းကိုစမ်းသပ်ပေးပြီး ကျွန်တော့်ဘက်လှည့်ပြီး
"ဂုဏ်ယူပါတယ်ငါ့ညီရေ မင်းမိန်းမကိုယ်ဝန်၂ပတ်ထဲမှာ"
"ဗျာ တကယ်လား"
"တကယ်ပေါ့ဗျ"
ကျွန်တော်ဘာပြောရမှန်းတောင်မသိဘူးပျော်လို့ဆရာဝန်အပြင်ထွက်သွားတဲ့ထိကျွန်တော်ငူငူကြီးနေနေမိသည် ဆောင်းကိုကြည့်တော့လဲပြုံးပြီးတော့ မျက်လုံးထဲမျက်ရည်တွေအပြည့်
"ဆောင်း ကိုယ်တို့မှာကလေးလေးရှိနေပြီတဲ့"
ကျွန်မလည်းဘာမှတောင်မပြောနိုင်ပဲခေါင်းပဲတဆက်ဆက်ငြိမ့်နေမိသည် ကျွန်မတို့ဘဝထဲနောက်ထပ်သံယောဇဉ်လေးကရောက်လာပြီ ကျွန်မပြောမပြတက်အောင်ဝမ်းသာရပါတယ် သားသားလေးပဲဖြစ်ဖြစ် မီးမီးလေးပဲဖြစ်ဖြစ် အစွမ်းကုန်ချစ်ပေးမှာ မောင့်ကိုကြည့်တော့လဲပျော်နေတဲ့ပုံကအရင်ကမောင်နဲ့တောင်မတူ မောင်ရဲ့အခုလိုပုံစံကို မြင်ရတာအတော်လေးစိတ်ချမ်းသာစရာပင်
"မောင်...."
"ဆောင်းမောင့်ကိုမောင်လို့ခေါ်လိုက်တာလားဟုတ်လား"
"ဟုတ်တယ်လေ ဘာလဲမခေါ်ရဘူးလား"
"ဆောင်ူအဲ့လြိခေါ်ရင်မောင်ကပိုတောင်ကြိုက်သေး"
"ဟုတ်ပါပြီ"
"ဆောင်းကိုမောင်ကျေးဇူးတင်ပါတယ် မောင့်ကိုအခုလိုမောင့်ရင်သွေးလေးကိုဝမ်းနဲ့လွယ်ပေးထားလို့"
"အော် မောင်ရယ်ငါလည်းငါ့သားသမီးကိုချစ်တာပေါ့ ကျေးဇူးတင်စရာမလိုပါဘူး"
"မောင်ဆောင်းကိုဒီ့ထက်ပိုပြီးစောင့်ရှောက်မယ်နော်"
"ဟုတ်ကဲ့ပါ"
မောင်ကပြောပြီးကျွန်မရဲ့ကိုယ်ကိုသူ့ရင်ခွင်ထဲသွင်းလိုက်သည်
"မောင်တို့ကလေးလေးမွေးရင်မောင်ကအစွမ်းကုန်ချစ်ပြီးအလိုလိုက်မှာ မောင့်ကေလးကို ကံအကောင်းဆုံးလူဖြစ်အောင်ထားမှာ"
"မောင် ဘာလေးလိုချင်လဲ "
"မောင်ကသားလေးလိုချင်တာ ဆောင်းကရော"
"ဆောင်းကဘာလေးဖြစ်ဖြစ်ပါ"
"မောင်လဲဘာလေးဖြစ်ဖြစ်ချစ်မှာ သားလေးကိုပိုလိုချင်တယ်"
"အင်းပါ "
"ကဲ မောင့်မိန်းမဒီနေ့ကစပြီးအနေအထိုင် အစားအသောက်ဆင်ခြင်ရမယ်နော်"
"ဟုတ်ပါပြီ အခုမှ၂ပတ်ထဲပဲရှိသေးတာကို ပိုပြီ"
"ဆရာမလေး မပိုလို့မရဘူးမောင့်ရင်သွေးတစ်ခုခုဖြစ်ရင်မောင်ရင်ကျိုးမှာ ဆောင်းကမောင်ရင်ကျိုးတာမြင်ရက်လို့လား "
"ဟို ငါပြောတာအဲ့လိုမဟုတ်ပါဘူး"
"မောင်ကစတာပါ လာနားတော့ ဆောင်းဘာစားချင်လဲ မောင်ဘာဝယ်ပေးရမလဲ"
"သရက်သီးသုပ်စားချင်တယ်"
"အချဉ်တွေမစားရဘူးလေ"
"အဲ့တာပဲစားချင်တာ"
"ကဲ ဟုတ်ပြီ နဲနဲတော့စား မောင်ဝယ်ပေးမယ်"
လိုချင်တာရလို့ဖြစ်သွားတဲ့မျက်နှာလေးကတကယ်ချစ်စရာ ကျွန်တော့်မှာအသဲတယားယားနဲ့ ဆောင်းရယ်မောင်ရူးတော့မယ်ကွာ မင်းကိုချစ်လွန်းလို့
Nadi❤️
YOU ARE READING
သံသရာအဆက်ဆက်ချစ်ပါမည် (Complete)
Non-Fictionငိုနိုင်မှဖတ်ပါ မင်းသမီးဇာတ်နာပါမယ်နော်