ကျွန်မလုပ်စရာရှိတာလုပ်ပြီးတာနဲ့အပြင်ထွက်ဖို့လုပ်နေတဲ့ကျွန်မကို စွေ့ခနဲကောက်ပွေ့သွားသည် ကျွန်မလည်းအလိုက်သင့်လိုက်လာခဲ့သည် မောင့်ရင်ခွင်ထဲနေရင်းနဲ့ မောင့်မျက်နှာကိုမော့ကြည့်လိုက်သည် ပကတိရှင်းသန့်နေတာပင် မောင်ကကျွန်မကိုကုတင်ပေါ်ညှင်သာစွာချပေးပြီး
"မောင် ဆေးလိမ်းပေးရမလားဆောင်း"
"မလိမ်းပေးနဲ့ရတယ်"
ပြောပြီးကျွန်မမျက်နှာတွေရဲတွတ်လာတော့
"ဆောင်းကမောင့်ကိုရှက်နေတာလား"
" ဘယ်မှာရှက်လို့လဲ"
"ကြည့်ပါဦးမျက်နှာကြီးကရဲနေတာပဲ မရှက်ပါနဲ့လင်မယားတွေပဲကို မောင့်မိန်းမဖြစ်တာမောင့်ကြောင့်ဆိုတော့ မောင်လုပ်ပေးမှာပေါ့"
"နင်ဘာဖြစ်နေတာလဲ ရတယ်ကိုယ့်ဟာကိုယ်လိမ်းမယ်"
ကျွန်မရှက်ရှက်နဲ့အော်လိုက်တော့မောင်မျက်နှာသိသိသာသာငြိုးကျသွားပြီး
"မောင်ကစေတနာနဲ့ပါ ဆောင်းရယ် ဆောင်းမကြိုက်ရင်မောင်မပြောတော့ပါဘူး"
"မဟုတ်ပါဘူး ငါအဲ့လိုသဘောမျိုးပြောတာမဟုတ်ဘူး"
ကျွန်မလည်းပြောပြီးမှစိတ်မကောင်းဖြစ်သွားတယ်
"လိမ်းပေးရင်လည်းလိမ်းပေး"
ကျွန်မအဲ့လိုပြောလိုက်မှမျက်နှာကနဲနဲပြုံးလာတော့တယ်
"အင်း မောင့်ရဲ့ဆောင်းကိုမောင်လိမ်းပေးမယ်"
ပြောပြီးကျွန်မကြိကုတင်ပေါ်လှဲခိုင်းသူကဆေးလိမ်းပါတော့တယ် ကျွန်မရှက်နေမှန်းသလို့ ကျွန်မကိုစာအုပ်ထားဆိုပြီးစောင်ကိာဘေးချပေးထားပြီးသေချာလိမ်းနေသည် လိမ်းပြီးတော့
"ဆောင်းနဲနဲကွဲသွားတယ်မောင်သေချာလိမ်းပေးထားတယ် ပြီးရင်ဆရာဝန်လာလိမ့်မယ် အကိုက်ခဲပျောက်အောင်ဆေးထိုးလိုက်နော်"
ကျွန်မကဆေးထိုးဆေးသောက်အရမ်းကြောက်သောကြောင့်ဆေးထိုးဆိုတဲ့အသံကြားတာနဲ့ကိုခြေတွေလက်တွေအေးနေပြီ