မောင့်ကကျွန်မကိုအခုနောက်ပိုင်းသိသိသာသာကိုဂရုတစိုက်ရှိလာပါတယ် ကျွန်မကတော့သူ့ဂရုစိုက်မှူတွေကိုလျစ်လျူရူနေလိုက်သည် တနေ့
"ဆောင်း မောင်ပြန်လာပြီ ဆောင်းဘယ်မှာလဲ"
"နင်ဘယ်လိုဖြစ်နေတာလဲအော်ကြီးဟစ်ကျယ်နဲ့"
"မောင့်ဆောင်းလာပါဦး ဖက်ချင်လို့"
ပြောပြီးကျွန်မနားကိုယိုင်တိယိုင်ထိုးနဲ့လျောက်လာပါတော့သည် ကျွန်မလည်း
"နင်မူးနေတာလား မူးရင်လည်းအခန်းထဲဝင်အိပ်တော့ငါ့နားမလာနဲ့"
"မောင့်ကိုမနှင်ပါနဲ့ ဆောင်းရယ် ဆောင်းကိုမချစ်လို့ဟိုမိန်းမနဲ့တွဲခဲ့တာမဟုတ်ပါဘူး "
"ငါ့ကိုရွံစရာစကားတွေလာမပြောနဲ့ ဧကရာဇ်မင်းမြတ်မောင် နင့်အကြောင်းနင်သိ"
"မောင်မှားပါတယ်ကွယ် အဲ့အတွက်လည်းခွင့်လွတ်ပေးပါကွာနော်"
"ခွင့်လွတ်မှုကနင်နဲ့တန်လို့လား"
"ဒီလိုဆိုရင်ရောခွင့်လွတ်မှာလား"
ပြောပြီးကျွန်မရှေ့မှာဒူးထောက်လိုက်တော့သည် ကျွန်မခနတော့ကြောင်အနေမိသည် ပြီးမှ
"အဲ့လိုလုပ်ရုံနဲ့နင့်အပြစ်ကကျေပြီပေါ့ ရီစရာကောင်းအောင်"
ကျွန်မပြောတော့ဒူးထောက်လျက်ငြိမ်ပြီးတော့ မျက်ရည်တွေကျနေသည် မောင့်ရဲ့မျက်ရည်တွေသည် ကျွန်မကိုနာကျင်စေပြီးရင်ထဲကတဆစ်ဆစ်နဲ့ကိုခံစားရပါသည် မောင်သာအဲ့မိန်းမနဲ့ခုတင်ပေါ်မှာအတူမရှိရင်အခုလိုတွေမဖြစ်ဘူး မောင့်ပုံစံကိုမကြည့်ရက်တော့ပါ
"ထတော့ နင့်ပုံစံကြည့်ရတာစိတ်ပျက်လို့ အခန်းထဲသွားတော့"
"ဆောင်းမောင့်ကိုတွဲပြီးလိုက်ပို့ပါလား "
"ဘာပြောတယ် နင့်ခြေထောက်ကကျိုးနေလို့လား"
"မဟုတ်ပါဘူး"
ကျွန်မပြောလိုက်ေတာ့သူ့ဟာသူထပြီးအပေါ်တက်ဖို့လုပ်နေတဲ့သူကိုကြည့်လိုက်တော့တော်တော်ကိုသောက်လာပုံရတယ် သူ့ကိုယ်သူတောင်မနိုင်တော့ပါ မနေနိုင်တဲ့ကျွန်မကပဲ
YOU ARE READING
သံသရာအဆက်ဆက်ချစ်ပါမည် (Complete)
Non-Fictionငိုနိုင်မှဖတ်ပါ မင်းသမီးဇာတ်နာပါမယ်နော်