ဟန်နီရက်လည်လုပ်နေတာတစ်ပတ်ကျော်လို့အကြာမှာမောင်တစ်ယောက်အိမ်ကိုရောက်လာသည် ခုံမှာထိုင်ပြီး
"မနက်ဖြန်လက်ထက်မယ်"
"ဟမ် ဘာလို့လဲ ချက်ချင်းကြီး"
"ကျုပ်လက်ထက်မယ်ဆိုလက်ထက်မယ်ပေါ့ ခဗျားကဘာဖြစ်နေတာလဲ"
"မဖြစ်ပါဘူး မောင်ရဲ့ ရုတ်တရက်ကြီးမို့လို့ဘာမှလည်းမစီစဉ်ရသေးဘူးလေ အဲ့တာကြောင့်"
"နေပါဦး မဂ်လာဆောင်မယ်လို့ထင်နေတာလား အဟက်"
"မဂ်လာဆောင်ရမှာပေါ့မောင်ရဲ့"
"ခဗျားကိုလက်မှတ်ထိုးပြီးပဲယူမှာ မဂ်လာဆောင်ရဖို့မမျော်လင့်နဲ့"
"ဘာလို့လဲ လက်ထက်မယ်ဆိုမဂ်လာတော့ဆောင်ရမှာပေါ့ မောင်အဆင်မပြေရင်ငါ့မှာပိုက်ဆံ"
ဒုန်း..
"အဲ့ပိုက်ဆံကဘာလုပ်ရမှာလဲခဗျားရှာတာထက်ဆယ်ဆရှာနိုင်တယ် ခဗျားသဘောပေါက် ကျုပ်အပိုတွေမပြောချင်ဘူး မနက်ဖြန်လက်မှတ်ထိုးမယ် "
ပြောပြီးတာနဲ့ထထွက်သွားဖို့လုပ်တဲ့မောင့်ကိုဆွဲပြီးတော့
"ဘာလို့အဲ့လိုချက်ချင်းလက်ထက်ရတာလဲ မဂ်လာမဆောင်တာကျတော့ရော ဘာဖြစ်လို့လဲ"
"ခဗျားကိုအပြစ်ပေးစရာတွေရှိလို့ အပိုင်ယူလိုက်တာ ကျုပ်အနားမှာနေပြီး တသက်လုံးပေးဆပ်ရမယ်မှတ် မနက်ဖြန်လက်မှတ်ထိုးပြီးတာကျုပ်အိမ်လိုက်ခဲ့"
ပြောပြီးတာနဲ့ထွက်သွားသောမောင့်ကျောပြင်ကိုကြည့်နေမိသည် အပြစ်ပေးစရာရှိလို့တဲ့လေ ထွက်သွားရင်အချိန်မှီပေမယ့် ငါမထွက်သွားဘူးမောင့်ကိုနှလုံးသားထဲကနက်နက်ရှိုင်းရှိုင်း ချစ်မိသွားတာ မောင့်နားမှာဘယ်လိုပုံစံနဲ့ပဲနေရ ထွက်သွားမှာမဟုတ်ဘူး စချစ်တာမောင်ဆိုပေမယ့် ဆက်ချစ်ရမှာငါထင်တယ် ငါလည်းငါ့အပြစ်အတွက်ပေးဆပ်မှာပါမောင်ရယ် ပေးဆပ်မှာပါ အတွေးတွေကိုရပ်ပြီးပြင်ဆင်စရာရှိတာပြင်တော့မယ် မနက်မောင့်အိမ်မှာလိုက်ရမယ်လေ
...........…………………မနက်ရောက်တော့၉နာရီလောက်မောင့်ဆီကဖုနဝင်လာသည်
"ဟယ်လို မောင်"
YOU ARE READING
သံသရာအဆက်ဆက်ချစ်ပါမည် (Complete)
Non-Fictionငိုနိုင်မှဖတ်ပါ မင်းသမီးဇာတ်နာပါမယ်နော်