ကျွန်မကိုယ့်နားကိုယ်တောင်မယုံနိုင်ဘူးညနေကမှမာမာကြောကြောပြောသွားတဲ့လူကအခုချစ်တယ်တဲ့ကျွန်မကြောင်အနေမိတယ် ရုတ်တရက်ကျွန်မကိုယ်ပေါ်ကို သူ့ခန္ဓာကိုယ်ကြီးယိုင်ကြလာတော့မနဲထိန်းရသေး ဆိုင်ကကောင်လေးတစ်ယောက်ကို ကျွန်မလည်းအကူအညီတောင်းပြီး သူ့ခန္ဓာကိုယ်ကြီးကို ကားပေါ်လိုက်ပို့ခိုင်းရသေးသည် ကျွန်မလည်း ဟန်နီ့ကိုဖုန်းဆက်ပြီး
"ဟန်နီ နင့်မောင်မူးနေတယ် ငါလာပို့နေပြီ"
"ဟယ် ငါ့ကိုလည်းဖုန်းမဆက်ဘူး ဒါနဲ့နေပါဦးနင်နဲ့ ဘယ်လိုတွေ့ပြီး ဘယ်လိုခေါ်လာတာလဲ"
"ငါ့ဖုန်းကိုဆက်တာဟေ့ ငါ့ဖုန်းနံပါတ်ဘယ်လိုရလဲမသိဘူး"
ကျွန်မပြောနေတဲ့အချိန် ဟန်နီအသံတိတ်သွားတာကြောင့် ကျွန်မရိပ်မိသွားပာလေရော
"ဟန်နီမ နင်ပေးလိုက်တာလား"
"ဟီးဟီး ဟုတ်တယ် သူတောင်းလို့ငါပေးလိုက်တာ"
"ဘာလို့ပေးလိုက်တာလဲဟယ်"
"သူတောင်းတာငါ့ကို ဒါနဲ့နင့်ကိုဘာပြောလဲငါ့မောင် ချစ်ရေးတွေဘာတွေမဆိုဘူးလား ဟိဟိ"
"ဟန်နီမ နင့်ဗိုက်ထဲပုဏ္ဏားရှိနေတာလား"
"ငါထင်တယ်ညနေကနင်ပြန်သွားတော့ ငါကနင်ဘာလို့အဲ့လိုပြောတာလဲလို့မေးလိုက်တာ ချစ်ဖို့ကောင်းလို့တဲ့"
"ဟမ်...."
"ဟမ်မနေနဲ့ ကားကိုဂရုစိုက်မောင်းခဲ့ နင်သာငါ့ယောင်းမဖြစ်ရင်အရမ်းပျော်မိမှာ"
"တော်ပြီ ငါကားမောင်းတော့မယ်"
.........
ခနနေတော့ဟန်နီတို့အိမ်ကိုရောက်လာပါပြီ ကျွန်မကိုပြုံးစစဖြင့်ဟန်နီမက ကြည့်နေသည် ကျွန်မလည်းဟန်နီနဲ့အတူသူ့ကိုယ်ကြီးကိုအိမ်ပေါ်တင်ပေးပြီးေတာ့ဟန်နီကိုနှုတ်ဆက်ကာ ထွက်လာလိုက်သည် ကျွန်မလည်းကားမောင်းရင်းစိတ်က သူပြောတာပဲ နားတွေအကြိမ်ကြိမ်ကြားနေမိသည်နောက်မနက်ကျတော့ ကျွန်မအိမ်ထဲကထွက်တော့ အိမ်ရှေ့မှာဟန်နီ့မောင်ကသူ့ကားပေါ်မှာခပ်လျောလျောပုံစံနဲ့ ထိုင်နေပြီးကျွန်မကိုသေချာစိုက်ကြည့်နေသည် ကျွန်မလည်းမမြင်ချင်ယောင်ဆောင်ပြီးထွက်လာလိုက်သည် ရုတ်ရက်ကျွန်မလက်ကို လှမ်းဆွဲပြီး
YOU ARE READING
သံသရာအဆက်ဆက်ချစ်ပါမည် (Complete)
Non-Fictionငိုနိုင်မှဖတ်ပါ မင်းသမီးဇာတ်နာပါမယ်နော်