အပိုင်း၁

17.9K 224 6
                                    

အပိုင်း၁

" ခွမ်း "

ကျကွဲသွားသော ဖန်ခွက်အသံနှင့်အတူ ။ တိတ်ဆိတ်သွားသော ဆိုင်တစ်ခု။ ထိုဆိုင်ထဲရှိလူတွေရဲ့အကြည့်ဟာ ထောင့်ဆုံးဝိုင်းမှ လူနှစ်ဦးထံသို့ရောက်ရှိသွားသည်။လေထဲတွင် ကော်ဖီနံ့သင်းသင်းဟာပျံ့နှံ့နေသည်။အဂ်လိပ်သီချင်းသံတိုးတိုးကိုလည်းကြားရသည်။ ထိုအသံကိုဖျိုခွဲလိုက်တာက ယောကျားလေးတစ်ဦးရဲ့ဒေါသတစ်ကြိးအသံ။

" တောက် မင်းဘာလုပ်တာလဲ "

" ခွဲလိုက်တာလေ မမြင်ဘူးလား? "

" ဖြန်း "

စကားဆုံးသည်နှင့် ကြားလိုက်ရသောအသံနှင့်အတူ ယောက်ျားလေးဖြစ်သူရဲ့ပါးမှာရဲရဲနီသွားသည်။ထိုအခါ ဘေးမှ ကောင်လေး၏ သူငယ်ချင်းဖြစ်ဟန်တူသည့် သူတွေမှာထလာကြသည်။ကောင်မလေးမျာ ထိုကောင်လေးတွေကြားတွင် သေးသေးညစ်ညစ်လေးသာ သို့သော် တစ်စက်ကလေးမှကြောက်ရွံ့ဟန်မတူ။

" တောက် !! မင်း "

" အာ့ "

" ငါ့ ညီမကို ထိဖို့မင်းမျာအဆင့်ရှိသလား "

အေစက်ကာ တည်ကြည်သည့်အသံနှင့်အတူ ကောင်လေးရဲ့လက်မှာ လက်ပြန်ချိုးခံလိုက်ရသည်။

"ခင်များညီမကအရင်လာရိုက်တာလေဗျာ"

"ဟက် ဘယ်သူတွေမှားမှား ငါ့ညီမမှန်တယ် ရော့ ဆေးဖိုး"

ကဒ်တစ်ကဒ်ကို ကောင်လေးဆီကိုစ်ပေးကာထွက်သွားသူမှာ သိပ်ကို မာနကြီးဟန်တူသည်။

"မမ "

"ရှင့် "

"ဟီး ခုနက ထက်ကရီုက်ချင်လို့ရိုက်တာဟုတ်ဘူးနော် သူတို့ကထက်ကို ကြည့်နေကြလို့ "

"ဟုတ်ပါပြီ မမဘားမပြောပါဘူး။ ထက်ထက် ကြိုက်တဲ့ပြဿနာကိုရှာ မမရှင်းပေးမယ်ဟုတ်ပြီလား။"

"ဟီး အဲ့ဒါကြောင့် မမကိုချစ်တာ"

ပါးကိုဖြတ်ခနဲလာနမ်းလိုက်ကာ ပြံုးရွှင်နေသောညီမဖြစ်သူ ကို ချစ်မြတ်နိုးစွာကြည့် ၍ ခေါင်းယမ်းလိုက်တာကတော့ ဧကရီခေါ်သည့် အသက် ၃၀နားနီနေပြီဖြစ်တဲ့ မိန်းကလေးတစ်ဦးဖြစ်သည်။မိဘတွေဆံုးကတည်းက ညီမဖြစ်သူကို တစ်ယောက်ထဲစောင့် ရှောက်လာခြင်းဖြစ်သည်။ ညီမဖြစ်သူကိုချစ်လွန်းတာကြောင့် ကုမ္မဏီကိုပင် ညီမဖြစ်သူနာမည်ပေးထားခဲ့သည်။ အမြဲတဇွတ်ထိုးုပ်တတ်သည့်အကျင့်ကိုပင် ချစ်စရာဟုမြင်နေခဲ့တာပေါ့ ။ဧကရီမှာ ညီမဖြစ်သူကိုအလိုလိုက်လွန်းလှသည်။ ထိုသည်က သူ့ညီမရဲ့ဘဝကိုအဆုံးသတ်စေမည်ဆိုတာသိလျင်ရော ထိုသို့အလိုလိုက်ခဲ့ပါ့မလား?

နာကျင်ခြင်းမှ ချစ်ခြင်းဆီသို့ ...Where stories live. Discover now