အပိုင်း၁၇

5.6K 211 14
                                    

အပိုင်း၁၇

" မမ အာ့ ဟန် မရတော့ဘူး ဟင့် "

ကြမ်းပြင်ပေါ်တွင်ခွေလဲကျနေသည့် ကလေးဟာ ခြေထောက်တွင်သွေးများရဲလို့ပင်။ နီရဲနေသည့် မျက်ခမ်းစပ်များနဲ့ စိးကျနေသည့် မျက်ရည်များကြောင့် သနားစဖွယ်ကောင်းလှသည်။

" ကိုယ့်အမှားကို ပြောကြည့် "

" ဟန် ဟိုမိန်းမ အ့ "

" ကိုယ့်ထက်အကြီးကိုဘယ်လိုခေါ်တာလဲ "

နာကျင်သွားသည့် လက်မောင်းတစ်ဖက်ကို စုတ်ကိုင်ရင် ဟန်မမကို သနားစဖွယ်ကြည့်မိသည်။ သို့သော်လည်း မမဟာဂရုမစိုက်ခဲ့‌။

" ဟင့် မ..မမလီလီ ကို တွန်းမိပါတယ် "

" ဒါဘဲလား။ "

Suit ကိုချွတ်ကာ ဆိုဖာပေါ်တင်လိုက်သည့် မမရံ့လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းကို ဟန်လိုက်ကြည့်ရင်း ကြမ်းပြင်တွင်သာ ကော်ကပ်သလိုထိုင်နေမိသည်။ ထပြေးလို့လည်း မရဘူးလေ။ ပြီးတော့ ဟန် ထိုအပစ်တစ်ခုဘဲလုပ်ထားမိတာပါ ။

" ဟာ့ ကိုယ့်အပစ်ကိုမသိသေးဘူးပဲ "

ဟန့်မေးဖျားကို ဆွဲလို့ ပြောလာသည့် ကြောင့် ဟန်ဘားမပြောပါဘဲအကြောင်သားကြည့်နေမိသည်။ ဟန်တကယ်ဘာမှမလုပ်ခဲ့ပါဘူး။

" အ့ "

ရှေ့ရှိ အူကြောင်ကြောင်လေးဖြစ်နေသည့် ကလေးရဲ့ ပါးကို ခပ်စပ်စပ်တစ်ချက်ပုတ်လိုက်တော့ ရဲတက်လာသည်။ ကလေးအသားဟာဘဲ နူးညံ့လွန်းသလား။ သူ့အားကပင် ပြင်းလွန်းသလား ဧကရီမသိတော့ပါ။

" အူကြောင်ကြောင်နဲ့ ! "

" ဟင့် "

ဧကရီရဲ့ ဒေါသတကြီးပြောသံကြောင့် ဟန့်ကိုယ်လေးဟာတစ်ချက်တုန်သွားခဲ့သည်။ထို့နောက်ပို၍ ကွေးသွားသည့် ကိုယ်လေးမှာ ‌ချက်ချင်းပင်ပျောက်ကွယ်သွားချင်ဟန်တူ၏။

" လူကြီးတွေစကားပြောရင် ပြန်မပြောရဘူးဆိုတာကိုမသိဘူးလား? "

မမအပြောကြောင့် ဟန်နှုတ်ခမ်းကို ကိုက်ထားလိုက်မိသညခ။ မမမျက်လုံးထဲမှာ ဟန်ဟာကလေးတစ်ယောက်မျှသာရှိသေးတယ်ထင်နေသလား။ ထိုသို့တွေးလို့ ဟန့်ကိုပြန်မချစ်နိုင်တာများလား။

နာကျင်ခြင်းမှ ချစ်ခြင်းဆီသို့ ...Where stories live. Discover now