အပိုင်း၁၁

5.9K 180 16
                                    

အပိုင်း၁၁

ကုတင်ပေါ်မှဖြူဖျော့နေသည့် သူ့ညီမကိုကြည့်ကာ နေဦးရင်တွေနာလှသည်။ မလှုပ်တော့ဘဲ သွေးများဖြင့်ရဲရဲနီနေသည်မှာသနားစဖွယ်။သတိမေ့နေတာတောင် စီးကျနေသည့် မျက်ရည်များဟာ ဘယ်လောက်နာကျင်နေမလဲ သိနိုငိ၏။ဒေါသကြောင့် ချည်ခံထားရသည့် ကြိုးမှလွတ်စေရန် အတင်းရုန်းလိုက်ရာ ခုန်မှာလည်းပြီး ဘေးတဇောင်းကျသွားတာကြောင့် လက်မောင်းမှာကျိုးသွားတာကို သူခံစားမိသည်။သို့သော်လည်း အတင်းရုန်းကန်နေမိသည်။

ထိုအချိန်တံခါးဖွင့်သံနှင့်အတူ လမ်းလျှောက်လာသည့်အသံကိုကြားရသည် ။ မျက်ရည်များကြောင့် သေချာမမြင်ရသော်ငြား ပိန်သွယ်လှသည့်ခန္ဓာကိုယ်ကြောင့်ဘယ်သူလဲဆိုတာသူခန့်မှန်းမိသည်။

" တောက် !!! ဧကရီ !!! "

" အို ဖြေးဖြေးပေါ့။ ကိုယ်ကြားပါတယ် "

ဧကရီ့အသံမှာ ရီသံအချို့စွတ်နေခဲ့သည် သူများနာကျင်တာကို သူအလွန်ပျော်နေဟန် ။

" ဘယ်လိုလဲ ပြပွဲလေးကြိုက်ရဲ့လား။ "

နေဦး မျက်နှာကို လက်ဖြင့်ဆွဲညှစ်လိုက်ကာ ပြောတော့ မျက်နှာဖြူဖြူဟာ ရဲတက်လာခဲ့သည်။ဒေါသအလွန်ထွက်သွားဟန်သူ၏။သူတို့မောင်နှမဟာ အသားတော့အလွန်ဖြူလှသည်။

" ဘာလို့လဲ ဘာလို့အဲ့လိုလုပ်နေရတာလဲလို့ "

" ဟာ့ အဲ့လောက် လုပ်ခံရတာကိုတောင် အကြောင်းရင်းကိုမသိသေးဘူးတဲ့လားကွာ "

တဟားဟားရီနေသော်ငြား မျက်ဝန်းများကတော့အေးစက်နေခဲ့သည်။သူ့ကြောင့် ထက်ထက်သေခဲ့ရတာကို သိပုံတောင်မပေါ်ပေ။

" ထက်ထက်ကို သိလား။ "

" ထက်ထက် "

ထိုနံမည်ကိုကြားလိုက်သည်နှင့် နေဦးမျက်လုံးများက ညှိုးငယ်သွားခဲ့သည်။ထက်ထက်ကိုသူ တကယ်သဘောကျတယ်။ထိုကလေးရဲ့ဖြူဖြူစင်စင် အပြုံးလေးတွေက သူ့ညီမကိုသတိရစေတယ်။ဒါပေမဲ့ သူခနလေးစွန့်ပစ်လိုက်တာနဲ့ဘဲ ချက်ချင်း သတ်သေသွားမယ်လို့ဘယ်သူက ထင်မှာလဲ။သူ့မှာပြန်ပြင်ခွင့်တောင်မရှိခဲ့ဘူး။

နာကျင်ခြင်းမှ ချစ်ခြင်းဆီသို့ ...Where stories live. Discover now