အပိုင်း၁၃
မနက်ခင်းအလင်းရောင် ဖျော့ဖျော့အောက်မှာ ငုတ်တုတ်လေးထိုင်နေသည့် မိန်းကလေးတစ်ဦး ။မျက်ဝန်းများဟာ မှုံ့မှိုင်းနေကာ မလှုတ်မရှားဖြင့် ထိုင်နေသည်မှာ အသက်ရှူနေကြောင်းပြသည့် ရင်ဘတ်လေးသာနိမ့်ချည်မြင့်ချည်ဖြစ်မနေခဲ့ရင် သေပြီးလားလူတစ်ယောက်ဟုပင် ထင်မှတ်ရ၏ ။ထိုအချိန်တံခါးဖွင့်ကာ ဝက်လာသည့် လူတစ်ယောက်။
" နိုးပြီးလား။ "
ဟန့်ကိုပြောလာသည့် မမအသံဟာ နူးညံ့နေသည်ကို အတွေးထဲနစ်နေသည့် ဟန်ကတော့ သတိမထားလိုက်မိပေ ။
" ဖျားတော့မဖျားတော့ဘူး။ လမ်းလျှောက်ထွက်ချင်လား? "
နှာဖူးကိုအသာစမ်းလို့ ကိုယ်ပြောလိုက်တော့ မော့ကြည့်လာခဲ့သည့် မျက်ဝန်းလေးမှာ မျက်ရည်များစို့လို့။ဒါပထမဆုံးမဟုတ်တော့ သူသတိပြန်ရလာကတည်းက ထိုသို့ထိုင်းထိုင်းမှိုင်းမှိုင်းသာဖ့စ်နေတတ်သည်။ ကိုယ်ပြောလိုက်တိုင်း မျက်ရည်လေးဝဲကာကြည့်လာမည် ။ ပြီးရင် သူ့အကိုအကြောင်းကို အမှတ်မရှိစွာမေးဦးမညိ။
" ကိုကို ..."
" မင်းအကိုက မင်းကိုထားပြီးထွက်သွားပြီလို့။ မင်းထက့်သူ့အသက်ကို ပိုချစ်လို့ မင်းကို ပေးပြီးထွက်သွားတာ "
" ဟင့် မမ "
ချက်ချင်းရှိုက်သံလေးထွက်လာသည့် ဟန်လေးကို ချီမလိုက်ကာ ပြတင်းပေါက်ဘေးတွင်ထိုင်လိုက်သည်။ သံစဉ်ပြောတယ် ကလေးက လေကောင်းလေသန့်ရှူဖို့လိုနေတယ်တဲ့။
မမရဲ့ ရင်ခွင်က မမရဲ့အေးစက်စက်စကားများ၊မျက်ဝန်းများနဲ့ ဆန့်ကျင်စွာနွေးထွေးလှသည် ။ ဆောင်းဦးဝင်လာပြီဖြစ်တာကြောင့် အနည်းငယ် ချမ်းစိမ့်စိမ့်ရှိလှသည်။ မမရင်ခွင်ထဲသို့ ခေါင်းတိုးဝင်လိုက်ကာ ကိုယ်သင်းနံ့လကို ခိုးကာရှူရှိုက်မိသည်။မမက အမြဲရင်ဘတ်ကိုအဟနဲ့သာ ဝတ်တတ်တယ်။အဲ့လိုအဟနဲ့ suit တွေဝတ်ထားတိုင်း မြင်ရတဲ့ ညှပ်ရိုးလေးနားက မှည့်နက်ကလေးမှာ ဟန့်ကို ညှို့ယူနိုင်လွန်းတယ်။
ဟန်သိသွားပြီ။ ဟန် မမကိုချစ်မိသွားခဲ့တာ။ ဟန့်ကိုအမြဲနာကျင်စေတဲ့ မမကိုမှလေ။အခုလို ကိုယ့်အကိုရှေ့တွင် ဝတ်လက်စလက်ဖြင့် ဆက်ဆံခံရသော်ငြား နာကြည်းမုန်းတီးခြင်းမရှိပါဘဲ။ ရင်နာတာဘဲ ဖြစ်တယ်တဲ့လေ။ဟန်တောင် မသိလိုက်ပါဘဲ ဟန်မမကို အရမ်းကိုချစ်မိသွားခဲ့တာ ။ မြင်နေရသည့် ညှပ်ရိုးလေးကို မထိန်းနိုင်စွာ ဖိကပ်နမ်းလိုက်ပြီး မမကိုမော့က့ည့်မိတော့ ဟန့်ကို ရီဝေစွာကြည့်နေခဲ့သည်။
YOU ARE READING
နာကျင်ခြင်းမှ ချစ်ခြင်းဆီသို့ ...
Fanfictionthis is Oc fanfiction ✨ I get it warning ⚠️ don't read the kids and don't like BDSM, rape 18+