အပိုင်း၇

6.1K 152 9
                                    

အပိုင်း၇

" ဘုရားရေ သေကုန်ပြီလား  "

အခန်းထဲရောက်သည်နှင့်ကုတင်ဆီ‌‌ေပြးကြည့်လိုက်တော့ ဖြူဖျော့စွာလှဲနေသည့် ကလေးမတွင် တကိုယ်ကောက်လုံးရဲရဲနီလို့ အချို့နေရာများဆိုသွေးများပင်ထွက်ကာ ခရမ်းရောင်ပင်ပြောင်းနေချေပြီ။ ဧကရီ ဖုန်းခေါ်လိုက်ကတည်းက အရင်ပြေးမြင်မိတာက ထိုကလေးပင်။ဟိုနေ့ကလည်း မေမေခေါင်းးမူးတယ်ဆိုတာကြောင့် ပြန်လိုက်သော်လည်း အိမ်ရောက်တော့ မဟုတ်ပေ။ ဧကရီက သံစဉ့်ကို လိမ်လိုက်တာ။

" မဖြစ်ဘူး ဆေးရုံတင်ရမယ် ဧကရီ "

" မတင်ဘူး။ "

ဂရုမစိုက်စွာပြန်ဖြေလာသည့် ဧကရီကြောင့် သံစဉ် ဧကရီ့ကို ငေးလိုက်မိသည်။သူအဲ့လောက် ရက်စက်တာကို သံစဉ်ပထမဆုံးမြင်ဖူးတာဘဲ။ ဒါပေမဲ့ ကုတင်တခုလုံးတောင် စိုနေသလို ရွှဲရွှဲစိုနေသည့် သွေးများကြောင့် ဆေးရုံပို့ရန်လိုအပ်သည်။ သို့သော်လည်း အမှန်ပင် ပို့ရန်စိတ်ကူမရှိသည့် ဧကရီကြောင့် သံစဉ် ဖုန်းဆက်ရန်သာပြင်လိုက်သည်။ဧကရီ အဲ့လောက်ရက်စက်တာကို သံစဉ်မသိခဲ့ရိုးအမှန်ပါ။

" ဟယ်လို "

"မဟုတ်ပါဘူး မောင်ရယ် "

" ............."

ဖုန်းပြောရန်ထွက်သွားသော သံစဉ်ကြောင့် ကိုယ်ဘယလုပ်ရမလဲ မသိတော့ သံစဉ့် မျက်လုံးထဲမှာ တစ်ခုခုကို မြင်လိုက်ရသည်။ ဘာလဲဆိုတာ ကိုယ်မသိပါ သိလည်းမသိချင်ပါ။ ကုတင်ပေါ်မှ ကလေးနားကို သွားလိုက်ကာ လည်ပတ်လေးကို စိတ်ကျေနပ်စွာ ကိုင်ကြည့်နေမိသည်။လည်ပတ်နဲ့ ထိုကလေးက အမှန်ပင်လှတယ်။အိမ်မွေးကြောင် ဖြူဖြူလေးလိုဘဲ။

" ဖယ်နေ ဧကရီ "

" ဘယ်သိူ့ကိုခေါ်နေတာလဲ "

" မောင့်ကို "

" အော် ....."

" သွေးလိုလို့ပါ ဆေးရုံမပို့ချင်ဘူးမလား။ "

" အင်း သက်သာအောင်ကုပေးလိုက် "

ပြောကာ ထွက်သွားသော ဧကရီ့ကို သံစဉ်ရပ်သာကြည့်နေမိသည်။ ကုတင်ပေါ်မှကလေးရဲ့ လည်ပတ်ကို ကြိင်နေတဲ့ဧကရီပုံစံမှာ အခုခုကို ဆွဲလမ်းနေသလိုပင်။သံစဉ်စိတ်ထက်လြိ့များလား။တင်းနေအောင်ချည်ခဲထားရသည့်ည့် လည်ပတ်ကို ဖြုတ်ပေးလိုက်တော့ မျက်ခုံးလေးအနည်းငယ်တွန့်သွားသည်။လည်ပတ်ပြုတ်သွားသည်နှက့် ညိုမဲကာ ခရမ်းရောင် သန်းနေသည့် လည်ပတ်အရာကို အရင်မြင်ရသည်။ အသက်ရူရ ဘယ်လောက်ခက်နေလိုက်မလဲ။

နာကျင်ခြင်းမှ ချစ်ခြင်းဆီသို့ ...Where stories live. Discover now