![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. နားထဲသို့အလုအယက်တိုးဝင်လာသော
နှိုးစက်သံခပ်စူးစူးကြောင့် ဆောနူး အိပ်ယာမှ လူးလဲထလိုက်ရပေမယ့် မျက်ခွံတို့၏လေးလံမှုကိုတော့ကြိုးစားအံတုနေရသေးသည်။ညအိပ်ယာမဝင်ခင် ရင်နင့်အောင် သည်းသည်းသန်သန်ငိုရှိုက်ခဲ့မိသည့်အကျိုးဆက်အနေဖြင့် မျက်လုံးတို့မှာကျိန်းစပ်နေပြီး မျက်ခွံတို့မှာလည်း ဖောင်းနေတော့မှာ သေချာသည်။
ရေချိုး၊ အဝတ်အစားလဲပြီးသည်အထိ ညကဝမ်းနည်းနေသည့်ခံစားချက်တို့က ပျောက်ကင်းမသွားဘဲ ရင်ထဲမှာတနုံ့နုံ့ကျန်နေခဲ့တာမို့ အနည်းငယ်စိတ်ကြည်လင်သွားစေရန် တစ်ယောက်ယောက်ကိုစနောက်ဖို့တွေးလိုက်သည်။
အီဟန်နဲ့ ထယ်ဆန်းက ညကဂိမ်းဆော့ရင်း စကားများထားကြတာမို့ စနောက်ဖို့အခြေအနေမကောင်းပေ။
ဝီရိယကောင်းလွန်းတဲ့ ရှင်းယူနဲ့ဒိုဟွန်းကတော့ ပြင်ဆင်ပြီး ကားပေါ်တောင်ရောက်နှင့်နေပြီ။
Comeback choreo အတွက် အလုပ်ရှုပ်နေတဲ့နီခီ့ကိုတော့ လွတ်ငြိမ်းခွင့်ပေးလိုက်မည်။နောက်ဆုံးတော့
စနောက်ဖို့အတွက် ပစ်မှတ်အဖြစ် အိမ်ထဲကိုဝင်လိုက်ထွက်လိုက် နှင့်ပစ္စည်းတွေသယ် မီးတွေလိုက်ပိတ်ကာ ဆောနူးကိုမြန်မြန်ထွက်လာခဲ့ဖို့ပြောနေသောမန်နေဂျာအစ်မ
မီဂျင်းကိုရွေးချယ်လိုက်သည်။
(BEထဲကမီဂျင်းကိုမှတ်မိကြသေးလား 😍)ဗိုက်ကို လက်ဖြင့်အသာအယာဖိနှိပ်ကာ ဆိုဖာပေါ်ကိုဖြည်းဖြည်းချင်းထိုင်ချလိုက်ရင်း အလွန်နာကျင်နေဟန် ခါးကိုကွေးထားလိုက်သည်။
ညကတည်းက တော်တော်နဲ့အိပ်မပျော်အောင်ဝမ်းနည်းစေခဲ့သောအကြောင်းအရာကိုတွေးလိုက်တော့မျက်ရည်တို့ကအလိုလိုဝေ့သီလာပြီး သရုပ်ဆောင်မှုက ပိုမိုပီပြင်သွားသည်။
