" အိမ်ကိုပြတိုက်လို့ထင်နေတာလား ။ ကားပေါ်မှာတုန်းက အိပ်ချင်နေပြီမဟုတ်ဘူးလား "
တစ်အိမ်လုံးကို စပ်စပ်စုစု လိုက်ကြည့်နေသော ဆောနူးကိုစီနီယာက မေးခွန်းထုတ်လာသည်။
စီနီယာ၏အိမ်တွင် ဧည့်ခန်းနှင့်အိပ်ခန်းထဲမှာသာပန်းချီကားများရှိသည်မဟုတ် ပန်းချီကားများထားသောအခန်းသပ်သပ်ရှိသေးသည့်အပြင် ကိုယ်တိုင်လည်း ပန်းချီဆွဲကြောင်း ဆောနူးသိလိုက်ရသည်။
သို့သော် စီနီယာက သူဆွဲသောပန်းချီကားများထားသည့်အခန်းကိုတော့ဝင်ခွင့်မပြုပေ။" ပြတိုက်လိုသဘောထားတာမဟုတ်ပါဘူး။
နောက်တစ်ခါကားမှားစီးဖြစ်ဖို့က မလွယ်တော့ဘူးဆိုတော့ စီနီယာရဲ့အိမ်ကို ထပ်လာနိုင်ဖို့ကလည်း မဖြစ်နိုင်သလောက်ပဲမဟုတ်လား။ အဲဒါကြောင့်ရောက်တုန်းလေး"ပြုံးနေပြန်ပြီ
ဆောနူးစကားတွေကိုစိတ်ရှုပ်ဟန်မပြဘဲ ဖျတ်ခနဲ ကွေးညွတ်သွားသောနှုတ်ခမ်းပါးတို့က အရမ်းကိုဆွဲဆောင်မှုရှိနေတာကြောင့် ဆောနူးရင်တွေခုန်လာသလိုခံစားရသည်။
အပြုံးက ဖျတ်ခနဲပေါ်လာပြီးချက်ချင်းပြန်ပျောက်သွားတဲ့ တစ်ခဏတာလေးဆိုပေမယ့် သူ့မှာတော့ငေးကြည့်မိတာ တမေ့တမော။" စီနီယာက ပြုံးလိုက်ရင် နှစ်ဆကြည့်ကောင်းသွားတယ်။
စီနီယာပြုံးတာသိပ်မမြင်ဖူးဘူး ဇာတ်ကားတွေထဲမှာတောင် ရှားရှားပါးပါးပဲ။"" တမင် မပြုံးတာမဟုတ်ပါဘူး ။
စိတိထဲကနေလှိုက်လှိုက်လှဲလှဲပြုံးပျော်လာစေတဲ့ အကြောင်းအရင်းတွေမရှိသေးရုံပါပဲ "ဒါဆိုခုဏက ပြုံးလိုက်ရခြင်းအကြောင်းအရင်းက ဆောနူးကစီနီယာရဲ့ လှိုက်လှိုက်လှဲလှဲ ပြုံးပျော်စေတဲ့အကြောင်းအရင်းလေးဖြစ်လို့လားဟု စ နောက် မေးမြန်းချင်သော်လည်း သူနဲ့စီနီယာမှာ စ နောက်ပြောဆိုရတဲ့အထိ မခင်မင်သေးသည့်အတွက် အရင်ဆုံး ရင်းနှီးလာအောင်သာကြိုးစားဖို့ဆုံးဖြတ်လိုက်သည်။