ရိုက်ကူးရေးအပြီးတွင် မန်နေဂျာနဲ့အတူကားပေါ်တက်လာချိန်မှာတော့ သူရယ် Jay ရယ် ဆောနူးရယ် သက်ဆိုင်ရာကား၃စီးက အတန်းလိုက်ရပ်ထားပြီး ကားများမှာလည်း Cele များစီးကြသည့် ပုံစံတူ မော်ဒယ်တူ အရောင်တူ ဗန်ကားများဖြစ်တာကြောင့် မန်နေဂျာသာမပါရင်
ဟီးဆွန်းအမှတ်တမဲ့ ကားလွဲတက်မိလောက်သည်။ဟီးဆွန်းကားပေါ်ရောက်သောအခါ အပြင်ကိုလှမ်းကြည့်လိုက်မိတော့ ဆောနူးတစ်ယောက်အိပ်ချင်မူးတူးနဲ့ ကားဆီလျှောက်လာသည်ကိုမြင်လိုက်တာကြောင့်ပြုံးလိုက်မိသေးသည်။
ထို့နောက် ဒီကလေးတော့ အိပ်ချင်မူးတူးနဲ့ Jay ကားပေါ်မှားတက်မိဦးမယ်ဟုတွေးလိုက်မိသေးသည်။မန်နေဂျာhyungက ကားပေါ်ရောက်ပြီးမှ နောက်ရက်တွင် ဟီးဆွန်း brand ambassador လုပ်ရသော brand တစ်ခု၏ပွဲကို တက်စရာရှိသည့် schedule ကို လက်ခံလိုက်ရပြီး ဒါရိုက်တာကြီးနဲ့ ရိုက်ကူးရေး schedule ညှိရန် ခဏပြန်ဆင်းသွားတာကြောင့် ကားပေါ်မှာပဲအိပ်ရင်းစောင့်နေလိုက်သည်။
ရှေ့က ကား မောင်းထွက်သွားသံ ကြားလိုက်ပြီး ခဏအကြာမှာ ဆောနူး၏မန်နေဂျာအစ်မက ဟီဆွန်းကားနားသို့ရောက်လာပြီးတံခါးလာခေါက်တာကြောင့် ဟီးဆွန်းတံခါးကိုဖွင့်ပေးပြီးအကျိုးအကြောင်းမေးကြည့်လိုက်သည်။
" ဟိုလေ ဆောနူး ဒီကားပေါ်များမှားတက်လာသေးလားသိချင်လို့ပါ။
၃စီးလုံး ဒီနားမှာအတူတူရပ်ထားတာကိုသိလို့မှားမှာစိုးလို့စက်နှိုးထားတဲ့ကားပေါ်တက်ပါလို့မှာလိုက်ပေမယ့်
အခုကားပေါ်မှာရှာမတွေ့တော့
ကားမှားပြီးတက်အိပ်နေမလားလို့ လာမေးကြည့်တာပါရှင်။
"
ဆောနူးမန်နေဂျာစကားဆုံးတော့ ဟီးဆွန်းပင် အိပ်ချင်စိတ်တွေပျောက်သွားရသည်။ခုဏကသူတွေးလိုက်မိသလို Jay ကားပေါ်ပါသွားဖို့သေချာလောက်မည်။
တကယ်လို့ပါသွားတာမှန်ရင် Jay လိုလူက လူတစ်ယောက်လုံးသူ့ကားပေါ်မှားပါသွားတာကိုမသိဖို့သိပ်တော့မဖြစ်နိုင်ပေ။