ဆောနူး Dorm သို့ပြန်ရောက်ချိန်တွင် Dorm တစ်ခုလုံး လူတစ်ယောက်မှမရှိသည့်အလားတိတ်ဆိတ်နေသည်ကို
တံခါးအဝင်မှာတင်ခံစားလိုက်ရသည်။အရင်က ဘယ်လောက်ပဲ ပင်ပန်းပါစေ ဧည့်ခန်းထဲက TV ရှေ့မှာ မိုးလင်းပေါက် ဂိမ်းဆော့တတ်တဲ့ အီဟန်နဲ့ထယ်ဆန်းရော ၊
သဲအိတ်ကို တဘုန်းဘုန်းမြည်အောင်လက်ဝှေ့ထိုးနေတတ်တဲ့နီခီရော၊
တစ်ယောက်နောက်ကတစ်ယောက် တကောက်ကောက်လျှောက်လိုက်နေတတ်တဲ့ ရှင်းယူနဲ့ဒိုဟွန်းရော ဒီညမှထူးထူးခြားခြား စောစောအိပ်ကုန်ကြတာများလားဟုတွေးရင်းဖိနပ်ကိုချွတ်ကာ စင်ပေါ်တင်လိုက်ချိန်မှာ ပန်းနုရောင် Sticky note လေးတစ်ခုကို ဖိနပ်စင်မှာကပ်လျက်သား တွေ့လိုက်ရသည်။" ငါတို့ Leader စိုးရိမ်မှုတွေများနေလား "
ထိုnote စာရွက်လေးနဲ့မနီးမဝေးမှာ နောက်ထပ် တစ်ရွက်ကိုထပ်တွေ့လိုက်ရတာကြောင့်ခြေလှမ်းအနည်းငယ်ရှေ့တိုးပြီး ထပ်မံခွာယူဖတ်ရှူကြည့်လိုက်တော့
" ရုပ်တည်နဲ့ စနောက်တတ်တာကလွဲရင် team အပေါ်ကိုအရမ်းတာဝန်ကျေပြီး "
ဟု ရေးထားသည်ကိုတွေ့လိုက်ရသည်။
ဆောနူးရှေ့ကိုဆက်ကြည့်လိုက်တော့ ထိုနေရာမှသည် အိပ်ခန်းအဝင်ပေါက်အထိ လမ်းတစ်လျှောက်၏ ဘေးဘက်နံရံတွင် တန်းစီကပ်ထားသော sticky note ပန်းရောင်လေးများကို မြင်လိုက်ရသောအခါမှ အခြေအနေကိုသဘောပေါက်သွားပြီး တစ်ခုချင်းစီကိုခွာယူဖတ်ရှုကာ အိပ်ခန်းတံခါးဆီသို့ရောက်လာခဲ့သည်။" ဘယ်လိုအခက်အခဲတွေပဲရှိရှိ"
" အပြုံးမပျက်ဘဲ ငါတို့ကိုအားပေးတဲ့ ချစ်စရာ leader "