🎬 31. Understand🎬

303 60 21
                                    

Jay hyung က ပခုံးကိုတွန်းလိုက်တာကြောင့်နောက်ပြန်လဲသွားတဲ့ Ethan hyung က ကြမ်းပြင်ပေါ်မှ ဖြည်းဖြည်းချင်းထလာပြီးနောက် Jay hyung ရှေ့သို့ လာရပ်လိုက်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Jay hyung က ပခုံးကိုတွန်းလိုက်တာကြောင့်နောက်ပြန်လဲသွားတဲ့ Ethan hyung က ကြမ်းပြင်ပေါ်မှ ဖြည်းဖြည်းချင်းထလာပြီးနောက် Jay hyung ရှေ့သို့ လာရပ်လိုက်သည်။

နှစ်ယောက်သားလွတ်လွတ်လပ်လပ်စကားပြောခွင့်ရအောင် ဆောနူးက သူတို့အနားမှထွက်လာခဲ့ပြီးတံခါးပေါက်နားမှာထိုင်စောင့်နေရင်းအခြေအနေကိုအကဲခတ်နေရသည်။

" ၁၀ နှစ်ကြာပြီးတဲ့နောက်ဆုံးတော့
ငါတို့နှစ်ယောက် မျက်နှာချင်းဆိုင်ဖြေရှင်းဖို့ ဖြစ်လာခဲ့ပြီပဲ။
ဒီနေ့ကိုပဲ ငါစောင့်နေတာပါ။
အတိတ်မှာတုန်းကတော့ ငါ့ရဲ့အမှားတွေကြောင့် မျက်နှာချင်းဆိုင်စကားပြောဖို​့ သတ္တိကြောင်ပြီး ရှောင်ပြေးခဲ့တယ်။

အမှန်အတိုင်းပြောရရင် အတိတ်မှာရော အခုလက်ရှိကိစ္စမှာရော ငါ့သဘောနဲ့ငါ ဝင်ဆုံးဖြတ်ပေးတာမဟုတ်ဘူး Jay
ဆုံးဖြတ်ပိုင်ခွင့်ကိုမရှိခဲ့တာ

အခုကိစ္စမှာ
ဆောနူးက Idol တစ်ယောက်၊
အဲ့ဒီအပြင် အခုမှ rookie တစ်ယောက်ပဲ။

မင်းသိလား သူသာ dating ထွက်ရင် Company ကပေးမယ့်ဖိအား  hater တွေကပေးမယ့်ဖိအား Media ကပေးမယ့်ဖိအား အဲဒါတွေအများကြီးသူ့အပေါ်ရောက်သွားတော့မှာ။
အနှောက်အယှက်တွေအများကြီးဝင်လာတော့မှာ။"

ငါ့အတွက်ကတော့ ဒီအတိုင်း
Dating rumor လေးပါပဲ။
အရင်လည်းဒီလိုပဲ dating rumor ကထွက်ဖူးနေတာပဲမို့သိပ်မထူးဆန်းပါဘူး။
ချစ်ရတဲ့သူရှိနေပြီမို့ သူစိတ်အဆင်မပြေမှာကိုစိုးရိမ်မိတာကလွဲရင် ငါ့မှာ တခြားဘာထိခိုက်စရာမှမရှိဘူး။

အရေးအကြီးဆုံးကတော့ မင်းပျော်နေတယ်လေ။

ဒီလောက်နှစ်တွေအကြာကြီးနေမှ ပြန်ပြီးပျော်ရွှင်လာတဲ့မင်းကို အခြားအနှောင့်အယှက်တွေမကြုံစေချင်ရုံပါပဲ။"

Contrasts AllureWhere stories live. Discover now