" ဓာတ်ပုံရိုက်တုန်းက အဲဒီနေရာမှာပဲရှိနေခဲ့တာမို့ ဒီမြင်ကွင်းကိုမမြင်လိုက်ဘူးမပြောနဲ့နော်Jay နဲ့ Ethan အတူတူ သွားတဲ့သတင်းလည်းသတင်းကြီးဆိုပေမယ့် ဒီလိုသတင်းကမှ ပိုကြီးတဲ့သတင်းဆိုတာ
မစဥ်းစားတတ်ဘူးလား။ဒီလိုသတင်းကိုမရေးဘဲနေတာဘာလို့လဲ။
အခု ဆရာဝန်တွေဆန္ဒပြဆူပူလှုပ်ရှားတဲ့ကိစ္စကြောင့် ပြည်သူတွေကိုအာရုံလွှဲနိုင်ဖို့ ဝန်ကြီးချုပ်က ငါ့ကိုအကူအညီတောင်းထားတယ်။
အခုအချိန်မှာ အားလုံးရဲ့အာရုံကိုဖမ်းစားနိုင်ဖို့ဆိုတာဒီလိုသတင်းအပြင်မရှိဘူး။
ဒီပုံတွေကိုမြင်မြင်ချင်း အခြားသတင်းထောက်တစ်ယောက်ကိုရေးခိုင်းလိုက်လို့ရပေမယ့် မင်းကငါ့သားမို့ မင်းကိုလာပြီးအခွင့်အရေးပေးတယ်လို့စဥ်းစားပြီး
ဒီအကြောင်းရေးလိုက် ။အနားမှာမင်းလည်းရှိနေမှာပဲဆိုတော့ ကြားခဲ့သမျှ အစုံထည့်ရေးလိုက်။"
hyung က သူ့ကိုသီးသန့်အကူအညီတောင်းပြီး တရားဝင်ကြေညာထားခြင်းမရှိသော schedule ဖြစ်တာကြောင့် ထိုနေရာမှာ သတင်းထောက်ဆိုလို့ ဂျောင်ဝန်းသာရှိနေခဲ့သည်ဟုထင်ခဲ့မိသည်။
ဒီပုံစံအတိုင်းဆိုလျှင် hyung ရဲ့ company ဘက်ကအနီးကပ်လူတွေထဲမှာ Unbox ရဲ့အတွင်းလူရှိနေတာ သို့မဟုတ် သရုပ်ဆောင် Jay ၏နောက်မှလိုက်သည့် Unbox သတင်းထောက်ကတွေ့သွားတာ တစ်ခုခုဖြစ်နိုင်သည်။
Hyungရဲ့သတင်းတွေကို တာဝန်ခံလိုက်ရသူက စီနီယာတစ်ယောက်နဲ့သူ့အပြင်မရှိခဲ့ရာမှ ထိုစီနီယာ အလုပ်ထွက်သွားချိန်တွင်ဂျောင်ဝန်းတစ်ယောက်သာလောလောဆယ်ကျန်နေခဲ့တာဖြစ်သည်။
ထို့ကြောင့် hyung ရဲ့သတင်းတွေကိုဂျောင်ဝန်းစိတ်တိုင်းကျကိုင်တွယ်နိုင်ပြီဟုသာ တွေးလိုက်မိသည်။