အမှန်အတိုင်းပြောရရင် ဟီးဆွန်း ယန်းဂျောင်ဝန်းဟူသော ထိုသတင်းထောက် ကြောင်ပေါက်လေးကိုနားမလည်တော့ပေ။ရိုက်ကူးရေးမစခင်က unboxနဲ့တစ်ပွဲတစ်လမ်း ရှင်းကြမည်ဟုကြံကာ အစ်မဝမ်းကွဲနှင့် ထိုကောင်လေးရှေ့မှာ ခဏခဏ ရယ်မောစကားပြောတွဲသွားတွဲလာ မျက်စိနောက်အောင်လုပ်ပြပြီး ရံဖန်ရံခါဆို အိမ်ထဲကိုတစ်စွန်းတစ်စ မြင်ရအောင် အခန်းတံခါးဖွင့်ထားပါသော်လည်း လှည့်ပင်မကြည့်ဘဲ သူ့အခန်းသူ ဝင်ကာ
ဟီဆွန်းကိုမရှိသူတစ်ယောက်လိုသဘောထားနေသည်။ဟီးဆွန်းထင်ထားသလို ဘာသတင်းမှလည်း တက်မလာပေ။
ပွဲပိုစည်အောင် နှစ်ကုန်မှ ဖော်ချင်လို့လား ဒါမှမဟုတ် Company ကိုငွေညှစ်ချင်လို့လားဟုတွေးရအောင်လည်း
တရားဝင်ကြေညာထားသော public schedule ရှိသည့်အလုပ်ချိန်မှလွဲ၍ ထိုကြောင်ပေါက်လေးက သူ့ကို Camera ဖြင့်တစ်ခါမျှမချိန်ဖူးပေ။Drama ရိုက်ကူးရေး စ တော့လည်း ရိုက်ကွင်းနေရာ အပြင်ဘက်တွင် ရံဖန်ရံခါမြင်ရသော်လည်း ခုံတန်းတစ်ခုခုပေါ်တွင် မုန့်ထိုင်စားပြီး Notebook ကိုစိတ်ဝင်တစားကြည့်ကာ အချိန်အနည်းငယ်ကြာလျှင် သူ့ဘာသာပြန်သွားသည်ချည်းသာ။
သတင်းဆိုလို့လည်း Drama စတင်ရိုက်ကူးနေပြီဖြစ်ကြောင်းသာရေးထားပြီး ရိုက်ကွင်းပုံပင်မပါဘဲ tvK ကတင်ပေးထားသော Drama poster ကြီးဖြင့်သာတင်ထားခြင်းဖြစ်သည်။
ဒီအတိုင်းဆို
" ကျွန်တော်အလုပ်ဝင်ရတဲ့အကြောင်းအရင်းက ဒီအလုပ်ကိုသဘောကျလို့ဆိုတာထက် အဲဒီမင်းသားကိုသဘောကျလွန်းလို့ မင်းသားရဲ့privacy ကိုချိုးဖောက်ပြီးသတင်းအမှားတွေရေးခံရတဲ့ရန်ကနေတတ်နိုင်သလောက် ကာကွယ်ချင်လို့ကအဓိကပေါ့။ "
ဆိုပြီး ပန်းခြံထဲမှာ သူပြောခဲ့တဲ့စကားအတိုင်း ယုံလိုက်ရမလိုလိုပင်။