ဝမ်ဆယ်ဂျာဘင်(အိမ်ရှေ့စံမိဖုရား) မဖြစ်ခင် ဘင်ရှီမယ်မယ်(အိမ်ရှေ့စံမိဖုရားလောင်း) ဘဝမှာ တော်ဝင်မင်္ဂလာပွဲမကျင်းပမီ အိမ်ရှေ့စံနဲ့အတူ နန်းပြင်ကိုခိုးထွက်ပြီးဆောင်ကြာမြိုင်မှာ အရက်သွားသောက်မည့်အခန်းကိုရိုက်ကူးမှာဖြစ်သည်။
ထိုအခန်းမှာ အမျိုးသားဝတ် Hanbok ဝတ်ရသည့် တစ်ခုတည်းသောScene ဖြစ်သည့်အပြင် အိမ်ရှေ့စံက အမူးလွန်နေသောကျွန်တော့်ကို ကျောပိုးပြီးနန်းတော်ကိုပြန်ရမည့်Scene လည်းဖြစ်သည်။
ရိုက်ကူးရေးမစခင်ကတည်းက ထို scene အတွက်ရည်ရွယ်ပြီး Diet လုပ်နေခဲ့တာ အခုထိဖြစ်သည်။
စီနီယာက ဆောနူးထက်အရပ်ရှည်သော်လည်း ခန္ဓာကိုယ်ကတော့ ဆောနူးနဲ့မတိမ်းမယိမ်းမို့ ကျောပိုးသည့်အခါ စီနီယာအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေမှာစိုးတာကြောင့်ပင်။အရမ်းကြိုက်သော ကြက်ကြော်အိအိမွမွလေးများ၊ နူးညံ့အိစက်သော Cake ချိုချိုလေးများ၊ Cheese အပြည့်နဲ့ pizza... အားး
တွေးရင်နဲ့တောင် ဆာလောင်လာသောဗိုက်ကလေးကို ဆောနူးခပ်ဖွဖွပွတ်လိုက်သည်။
မနက်ဖြန်ရိုက်ကူးရေးပြီးတာနဲ့ ညလယ်စာ စားချင်တာ အကုန်ဝယ်စားပစ်မည်ဟုလည်း တစ်ကိုယ်တည်းကြွေးကြော်လိုက်သေးသည်။
"အဆင်သင့်ဖြစ်ပါပြီသခင်လေး"
ဂျိုဆွန်းခေတ်က အမျိုးသား hanbok ကိုဝတ်ဆင်ထားသည့်ဆောနူးကို အစ်မဆောယောင်းက သခင်လေးဟု စနောက်ခေါ်ဝေါ်လိုက်ခြင်းဖြစ်သည်။
တိုက်ဆိုင်စွာပင်
ဆောနူးကို ပြင်ဆင်ပေးနေကျ Make up artist အစ်မဆောယောင်းက Drama မှာဆောနူးဇာတ်ကောင်အတွက် မိတ်ကပ်ပြင်ဆင်ဖို့ ရွေးချယ်ခံထားရသည်ဖြစ်ရာ
ဆောနူးမှာ အကြောင်းသိဓာတ်သိလူတစ်ယောက်နှင့်အလုပ်တွဲလုပ်ရခြင်းအတွက် များစွာစိတ်သက်သာ
ပျော်ရွှင်ရလေသည်။