သူရိန်: ဟင်...!
ရှိုင်း: သူရိန်..အဲ့3ယောက်ကို လူတိုင်းကတော့..."School Kings"လို့ ခေါ်ကြတယ်..
သူရိန်: School Kings ? ဘာလဲဟ...သူတို့ကို ဘာလို့..အဲ့..အဲ့လို ခေါ်တာလဲ..?
ရှိုင်း: အင်း...သူတို့က ဒီကျောင်းမှာဆိုရင်..အာဏာအရှိဆုံးဘဲ..ပြီးတော့ ကျောင်းရဲ့ king နဲ့ Queen ရွေးချယ်တဲ့ နေရာမှာလည်း...သူတို့ထဲက တစ်ယောက်က...king ဖြစ်ထားတာလေ..။
သူရိန်: အော်..အဲ့လိုလား? ဒါ..ဒါနဲ့လေ.. ဟို..
ရှိုင်း: ဘာတွေ ပြောရခက်နေတာလဲ သူရိန်...ငါက သူတို့လို ကြောက်ဖို့ မကောင်းပါဘူးနော်..
သူရိန်: အင်း..ဒါဆို..မင်းက..မင်းက ဘာလို့ အဲ့လောက်တည်ငြိမ် နေရတာလဲကွာ.?
ရှိုင်း: အွန်း တည်ငြိမ်တယ်လို့ ထင်တာလား...ကျေးဇူးဘဲကွာ..ငါလည်း အရင်တုန်းက သူတို့ကို မင်းလိုဘဲ ..ကြောက်ခဲ့တာ..
သူရိန်: ဒါ...ဒါဆို?
ရှိုင်း: သူတို့နဲ့ မပတ်သတ်ဘဲ ကိုယ့်ဖာသာ နေမယ်ဆိုရင်...အန္တရာယ် အကင်းဆုံးဘဲ ဆိုတာ..သိလို့ပေါ့ဟ..မကြောက်သလို နေဖို့...ကြိုးစားရတာပေါ့....
သူရိန်: အော်..ဒါနဲ့ သူတို့က..အာကာ ကို ..ဘာလုပ်ကြမှာလဲဟင်?
ရှိုင်း: မင်းရောက်ရင် သိမှာပေါ့...သူရိန်ရယ်..
💞လမ်းတစ်လျှောက် စကားပြောလာကြရင်း အားကစားရုံကို ရောက်လာခဲ့ရတယ်။သူရိန်က ကြောက်နေပေမဲ့ ရှိုင်းကတော့ သွေးအေးအေးဖြင့်သာ။အားကစား ရုံထဲရောက်တော့ အသီးသီး နေရာယူကြတယ်။သူရိန်နဲ့ ရှိုင်းလည်း ကိုယ့် နေရာကိုယ် ထိုင်လိုက်ကြတယ်။
သူရိန်: အမလေး..!ဒီလို လူတစ်ယောက်ကို နှိမ့်စက်မဲ့ဟာကို..ဒီလို ထိုင်ကြည့်နိုင်ကြသေးတာလား..?
ရှိုင်း: ငါတို့မှာ ရွေးချယ်စရာ မရှိဘူး....သူရိန်!
💞ခဏ အကြာမှာတော့ school Kings အဖွဲ့ သည် ပွဲထဲကို ၀င်ရောက်လာသည်။လူတိုင်း၏ အားပေးသံများသည် ဆူညံလျက်။အာကာ ဟူသော ကောင်လေးကို school Kings အဖွဲ့၏ တပည့်များက စတင် ရိုက်နှက် ကြသည်။အားပေးသံများစည် တစ်စ" ကျယ်လောင်လာသည်။ထိုအချိန်တွင် သူရိန်သည် သည်းမခံနိုင်တော့ဘဲ school Kings အဖွဲ့ကို အော်ပြောခဲ့သည်။
YOU ARE READING
Enemies To lovers
Short Storyအနိုင်ကျင့်တာလေးတွေ ပါတာမလို့ အဆင်မပြေဘူးဆိုရင် မဖတ်ပါနဲ့ရှင်....⚠️ စိတ်ကူးသက်သက်သာ ဖြစ်တာကြောင့် Character တစ်ခု အနေဖြင့်သာ ဖတ်ပေးပါရှင့်⚠️ Warning ⛔ လုံး၀(လုံး၀) မပါပါဘူးရှင့်⚠️ လိုအပ်ချက်ရှိရင်လည်း ထောက်ပြပေးကြပါအုံးနော်💞 Voting ပေးချင်းဖြင့် အ...