ဗီတာ: morning ပါ..!ရှိုင်းလေးရေ....!
ရှိုင်း: ဟင်!အိပ်ချင်သေးတယ်..!5 မိနစ်လောက်..!
ဗီတာ:ဟောဗျာ...ရှိုင်းလေး! 8 နာရီခွဲ နေပြီ ...ကျောင်းတောင် နောက်ကျ နေပြီနော်...!
ရှိုင်း: ဗျာ..! ဟာ အဲ့တာဘာလို့ ကျွန်တော့်ကို စောစော မနိုးတာလဲလို့....
ဗီတာ:အခုတောင် ခေါ်ထနေတာကို အိပ်ချင်သေးတယ်မလား..!
💞8 ခွဲနေပြီးကို ခေါ်ထလို့ မရတဲ့ ရှိုင်းကြောင့် ဗီတာ ခေါင်းကိုက်နေရ၊အခုလည်း ခေါ်တာမရလို့ ကျောင်းနောက်ကျ တော့မယ် ပြောမှ အလန့်တကြား ထကာ ပြာယာခပ်နေ၊ဗီတာကတော့ ကလေး တစ်ယောက်လို ဂျစ်ကန်ကန် လုပ်နေတာကြောင့် အသည်းယားမိသည်။
ရှိုင်း: အကျင့်ပုတ်ကြီး...!ဖယ် ဖယ်!ရေသွားချိုးတော့မယ်..!
ဗီတာ: မောင်ချိုးပေးမယ်လေ..!
ရှိုင်း: ဟင်..?ဘာလဲ..!ကျွန်တော့်ဘာသာ ချိုးလည်း ရတယ်!နောက်ကျနေပြီ! ဖယ်ပါ..!
ဗီတာ: မောင်ချိုးပေးလိုက်တော့ ပိုမြန်သွားတာပေါ့..!လာပါ..!
ရှိုင်း: အင့်! ပြန်ချပေး...ပြုတ်ကျ သွားလိမ့်မယ်..! ဟိတ်လူ!
💞ဗီတာ့ကြောင့် ရှိုင်းရဲ့ မျက်နှာမှာ ရဲတက်လာသည်။ရှက်ရှက်နဲ့ ရေချိုးခန်းကို သွားဖို့ လုပ်ပေမဲ့ အရှေ့ကနေ လိုက်ကာ နေတာကြောင့် ရှိုင်းမျက်နှာဖော်မရဲပေ။အခုလည်း ပြောပြာဆိုဆိုနဲ့ ကောက်ပွေ့ ပြီး ချီလိုက်သော ကြောင့် ရှိုင်းမှာ လန့်သွားရသည်။
ဗီတာ:မောင့်ကို မချစ်ဘူးလား ဗျာ..?
ရှိုင်း: မချစ်ဘူး!
ဗီတာ: ဘာပြောတာ!
ရှိုင်း: မချစ်ဘူး!
ဗီတာ: အင်းပြီးရော..!
ရှိုင်း: ဟင်?
💞မျက်နှာ ပျက်သွားပြီး ရှိုင်းကို အောက်ချပေးကာ အခန်းအပြင်ကို ထွက်သွားခဲ့သည်။ရှိုင်းလည်း စိတ်မကောင်းဖြစ်သွားတဲ့ ဗီတာ့ကို လိုက်ကြည့်နေရင်း အပြစ်ရှိသလို ခံစားမိလိုက်သည်။ပျော်စရာကောင်းတဲ့ မနက်ခင်းလေးက ဘယ်လိုတောင် ဖြစ်သွားရတာလဲ။ရှိုင်းလည်း ကျောင်းနောက်ကျနေပြီးမို့ ရေချိုးကာ အ၀တ်စားလဲပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။
YOU ARE READING
Enemies To lovers
Short Storyအနိုင်ကျင့်တာလေးတွေ ပါတာမလို့ အဆင်မပြေဘူးဆိုရင် မဖတ်ပါနဲ့ရှင်....⚠️ စိတ်ကူးသက်သက်သာ ဖြစ်တာကြောင့် Character တစ်ခု အနေဖြင့်သာ ဖတ်ပေးပါရှင့်⚠️ Warning ⛔ လုံး၀(လုံး၀) မပါပါဘူးရှင့်⚠️ လိုအပ်ချက်ရှိရင်လည်း ထောက်ပြပေးကြပါအုံးနော်💞 Voting ပေးချင်းဖြင့် အ...