Part (6)

489 27 0
                                    

💞ရှိုင်းသည် ဆေးရုံခုတင်ပေါ်တွင် နိုးထလာခဲ့သည်။အချိန်အားဖြင့် 6 နာရီ လောက်ဘဲ ရှိသေးတာမလို့ ဆရာ၀န်ကို ခေါ်ကာ "ကျောင်းတက်လို့ရမလား" မေးခဲ့သည်။ဆရာ၀န်ကလည်း ဗီတာ့ စကားကြောင့် ရှိုင်းတောင်းဆိုချက်ကို ချက်ချင်း လက်ခံခဲ့သည်။"ရှိုင်း ဘာဘဲ ပြောပြော သူစိတ်ချမ်းသာမယ် ဆိုရင် လက်ခံပေးလိုက်ပါနော်"

ရှိုင်း: ဆရာ... အဲ့တာဆို ‌ကျွန်တော်.... ကျောင်းသွားဖို့ ပြင်ဆင်လိုက်ပါအုံးမယ်...

ဆရာ၀န်: ခေါင်းက မသက်သာသေးဘူးဆိုရင် ကျွမ်တော် ဆေးပေးလိုက်ပ့မယ် .... လူနာ ဆေးလေးတော့...သောက်ပေးပါ‌နော်..

ရှိုင်း: ဟုတ်ကဲ့ဗျ..!ဒါဆို .. ကျွန်တော့်ကိာ ခွင့်ပြုပါအုံးနော်...

ဆရာ၀န်: ကောင်းပါပြီ ..လူနာ..

💞ဒီလိုနဲ့ ရှိုင်းက အိမ်ကို အရင်ပြန်ပြီး ကျောင်းအတွက် ပြင်ဆင်ကာ ကျောင်းကို ထွက်လာလိုက်သည်။လပတ် စာမေးပွဲ နီးလို့သာ ကျောင်းသွားနေရတာ ဖြစ်ပေမဲ့ ဗီတာ့မျက်နှာကို တော့ ရှိုင်း မမြင်ချင်ပါ။ကျောင်းရောက်တော့ အားလုံးက ရှိုင်းကို မနာလို အားကျတဲ့ အကြည့် တွေနဲ့ပင်။ရှိုင်းလည်း ကြောင် သွားပြီး ကျောင်းသားတွေ စုနေတဲ့ နေရာကို သွားကြည့်ခဲ့တော့ မျက်လုံးပြူး မျက်စံပြူး ဖြစ်သွားကာ ဒေါတ အလိပ်လိပ် ထွက်သွားရသည်။*ဗီတာက ရှိုင်း ဆံပင်လေးတွေကို နမ်းတဲ့ ဓာတ်ပုံ*

ရှိုင်း: ဒါ...ဒါတွေကို..ဘယ်သူ လာကပ်သွားတာလဲ!!!

ကျောင်းသား: ဝါးးး.... မိန်းကလေးတွေတောင်.... တော်ရုံစိတ်မ၀င်စားတဲ့ သူဌေးသားတစ်ယောက်ကို မြူစွယ်နိုင်တယ်ဆိုတော့.....လေးစားပါတယ်..ကောင်လေး!

ရှိုင်း: မဟုတ်ဘူး!ငါဘာမှ မလုပ်ခဲ့ဘူး!ဗီတာမင်!မုန်းလိုက်တာ!

💞ရှိုင်းက ချက်ချင်း ထွက်သွားဖို့ အနောက်လှည့်လိုက်ပေမဲ့ ဗီတာသည် ထိုပုံတွေကို မျက်မှောင်ကကျုံ့ကာ ကြည့်နေတာကို တွေ့လိုက်ရသည်။ရှိုင်းချက်ချင်း ‌ဗီတာ့ အနားကို ပြေးသွားပြီး ကျယ်ပြန့်သော ရင်အုံ များကို တဒုန်းဒုန်းထုကာ ဆက်တိုက် အော်ဟစ်နေခဲ့သည်။

Enemies To lovers Where stories live. Discover now