Part (12)

561 39 7
                                    

💞ရှိုင်းသည် ပုံမှန်အတိုင်း ကျောင်းလျှောက်လမ်း အတိုင်း လာခဲ့သည်။အမြဲပြုံးထားသော ရှိုင်းသည် ဒီနေ့တော့ မပြုံးနိုင်ပါ၊ဘာကြောင့်မှန်းမသိ ၀မ်းနည်း နေခဲ့သည်။ဗီတာနဲ့လည်း ဘယ်လိုရင်ဆိုင်ရမှန်းမသိခဲ့လေ၊နောက်အပတ် စာမေးပွဲ ရှိတာမလို့ ကျောင်းမလာလို့ကလည်း မဖြစ်၊ရှိုင်းလည်း အခန်းထဲ ၀င်မယ် အလုပ် ဗီတာ နှင့် တွေ့လိုက်ရတာမလို့ ခေါင်းကို ငုံ့ချလိုက်သည်။

ဗီတာ: ရှိုင်း...ကိုယ်တို့...စကားပြောလို့ရမလား..?

ရှိုင်း: ကျွန်တော်တို့... မပတ်သတ်တာဘဲ.. ကောင်းပါတယ်..!

ဗီတာ: ကိုယ့်ကို သတ်လိုက်ပါတော့လား ရှိုင်းရယ်...!!

ရှိုင်း: ကျွန်တော်က ဘာလို့...

ဗီတာ: အခုလည်း သတ်နေတာဘဲလေ...သေအောင်သတ်တာနဲ့...မသေအောင် သတ်တာဘဲကွာတာ....! ရှိုင်းမုန်းတဲ့ ဒီကောင်ကို...သတ်လိုက်ပါတော့လား...!!!

ရှိုင်း: ခင်ဗျား ရူးနေလား..!?

ဗီတာ: ကိုယ်တောင်းပန်ပါတယ် ရှိုင်းရယ်...စကား‌လေး ခဏလောက် ပြောချင်ရုံပါ..!

ရှိုင်း: ကျွန်တော်မအားသေးဘူး..!နေ့လည်မှပြောရအောင်..!

‌ဗီတာ: ရှိုင်းလေး တကယ်ပြောတာလဟင်..!?တကယ်ပြောတာလား..!?

ရှိုင်း: အွန်း တကယ်!

ဗီတာ: ကိုယ့်ကိုယ်ကို ဂရုစိုက်ပါရှိုင်း!အစာလည်း ပုံမှန်စားအုံးနော်...ဖျားနာ တာတွေ မဖြစ်စေနဲ့နော် ရှိုင်းလေး...

💞‌မျက်နှာကို တည်ပြီး သေချာ ဂရုစိုက်ဖို့ မှာနေသော ဗီတာကို ရှိုင်း နားမလည်နိုင်စွာ၊

ရှိုင်း: ခင်ဗျား ဘာတွေလာပြောနေတာလဲ?!

💞ရှိုင်းလည်း ပြောပြီးတာနဲ့ အခန်းထဲ၀င်သွားခဲ့ပြီး ဒေါ်ချိုသက်လွင်ကို ဖုန်းခေါ်ခဲ့သည်။

ဖုန်းခေါ်သံ/တီ....

ဒေါ်ချို: ဟယ်လို..မေ့သားလေး..ပြောလေကွယ်..!

ရှိုင်း: ကျွန်တော်နဲ့ စေ့စပ်ရမယ့် တစ်ယောက်ရဲ့ နာမည်ကဘာတဲ့လဲ..?

ဒေါ်ချို: အော်...နာမည်လေးက..သစ္စာ တဲ့..

ရှိုင်း: ကျေးဇူးပါ အမေ..!

Enemies To lovers Where stories live. Discover now