Part (17)

467 30 2
                                    

💞ဆေးရုံခုတင်ပေါ်တွင် လှဲလျောင်း အိပ်စက်နေသော ရဲထက်တစ်ယောက် နိုးထဖို့ အတွက် ရာခိုင်နှုံးက အတော်လေး နည်းလို့ နေသည်။ရိုက်နှံ့ခံထားရတဲ့ အရှိန်ရော သေနတ် ဒဏ်ရာကြောင့်ပါ ရှင်သန်ဖို့ ခက်ခဲနေခဲ့သည်။သို့သော် ရဲထက် တစ်ခုခု ဖြစ်လို့မရပါ။ Marfia လောက နှင့် အနည်းငယ် ဆက်နွယ်နေသူ ဖြစ်ယုံသာ မကဘဲ အချမ်းသာဆုံး စာရင်း Top 2 တွင် ‌ရပ်တည်နေတာမလို့ ဆရာ၀န်တွေအတွက် ၀န်ကြီးပါသည်။အခုလည်း ရှိုင်း တစ်ယောက် ကုသခန်း အရှေ့တွင် ခေါက်တုတ်ခေါက်ပြန်နှင့် ဂနာမငြိမ် နိုင်ပါ။ဗီတာလည်း ဖုန်းတစ်လုံးဖြင့် အလုပ်ရှုပ်နေခဲ့သည်။

ရှိုင်း: အကို! အကိုရဲထက်..အဆင်ပြေမှာပါနော်...!?

ဇေရာ: ဟင်အင်း! အသက်ရှင်ဖို့ မသေချာဘူးလို့ ပြောတယ်!

ရှိုင်း: ဟင်?! မဟုတ်ဘူး..!အကိုရဲထက်..အဆင်ပြေမှာပါ..!

💞ရှိုင်း မျက်ရည်များ ဝဲလာခဲ့သည်။ဇေရာသည် လုံး၀တည်ငြိမ်နေ ပုံမှာ သံသယ ဖြစ်ဖွယ်ကောင်းစရာပင်။ ရှိုင်းတို့တောင် ဒီလောက် စိတ်ပူနေတာ ဇေရာ ဆိုရင်တော့ သေလောက်သည်မဟုတ်လား။

ဆရာ၀န်: လူနာရှင်များ ခင်ဗျာ!

ဗီတာ: ဟုတ်ကဲ့!

ရှိုင်း: ဆရာ! လူနာရဲ့ အခြေနေလေး ကော? လူနာ အဆင်ပြေတယ် မလားဟင်..!?

ဆရာ၀န်: ဟုတ်ကဲ့! လူနာကတော့ အားလုံး အဆင်ပြေပါတယ်..!တစ်ခုခု မူမမှန်တာ ရှိ‌ရင်တော့ ပြောပေးပါ..!စိတ်ပူရတဲ့ အခြေနေမို့ပါဗျ!

💞ဆရာ၀န်ပြောတော့မှ အားလုံး သက်ပြင်း ချနိုင်တော့သည်။ ရှိုင်းကတော့ ဗီတာ့ကို တင်းကြပ်စွာ ဖက်ထားခဲ့ပြီး ဇေရာကတော့ ဒူးထောက်ထိုင်ချကာ မျက်ရည်များ ကျလာခဲ့သည်။ရှိုင်းတို့လည်း ဇေရာ့ကို နှစ်သိမ့်ပေးခဲ့ပြီး ရဲထက်စီသို့ သွားခဲ့ကြသည်။

ရှိုင်း: အကို!

ရဲထက်: ဟင်း.?

ဇေရာ: ရဲထက်..!သက်သာလား..!? တစ်ခုခု အဆင်မပြေတာ ရှိရင်..ငါ့ကို ချက်ချင်းပြော..!

ဗီတာ: ရဲထက်..!

ရဲထက်: သူရိန်..အာ့.! သူရိန် ဘာဖြစ်သွား‌လဲ..!

Enemies To lovers Where stories live. Discover now