Part (1)

742 30 0
                                    

ရှိုင်း: ဒီနေ့တော့ ဒီစာ‌တွေကို ပြီးအောင် လုပ်လိုက်တော့မယ်

💞ရှိုင်းက ကျောင်းခန်းထဲဠ် သူ့ခုံပေါ်တွင် ထိုင်ကာ မပြီးသေးတဲ့ အိမ်စာတွေကို လက်စ သတ်နေခဲ့တယ်။ရှိုင်းတက်တဲ့ကျောင်းက ချမ်းသာပြီး ငွေကို ရေလိုသုံးနိုင်တဲ့ သူတွေ တက်တဲ့ ကျောင်းပါ။ဒါပေမဲ့ ရှိုင်းကတော့ ပညာသင်ဆုနဲ့ အတူ ဒီကျောင်းကို ရောက်လာတာဖြစ်ပြီး ဒီကျောင်းကို  မကြိုက်ပါဘူး။ဘာကြောင့်လဲဆိုတော့ ဒီကျောင်းမှာ ကြောက်စရာကောင်းတဲ့ အဖြစ်ပျက်တွေ ဖြစ်နေလို့ပါဘဲ။

သူရိန်: ဟိတ် ကောင်လေး တစ်ယောက်ထဲလား။

💞သူရိန်ဆိုတာကတော့ ဒီကျောင်းကို မကြာသေးခင်ကမှာ ပြောင်းလာတဲ့ ကျောင်းသားသစ်လေးပါ။ရှိုင်းတစ်ယောက်ထဲ စာလုပ်နေတာကိုတွေ့ပြီး စကားလာပြောချင်း ဖြစ်ပါတယ်။

ရှိုင်း: အော် ဟုတ်ကဲ့"

သူရိန်: စကားနည်းတယ်နော် ။ငါက ဒီကျောင်းကို ပြောင်းလာတာ မကြာသေးဘူးလေ... ငါ့မှာ သူငယ်ချင်းလည်း မရှိဘူး...အဆင်ပြေရင်...ငါနဲ့ သူငယ်ချင်း လုပ်မလား?

💞ရှိုင်းသည် ခဏသာ ငြိမ်သက်သွားသည်။သူဒီကျောင်းကို ရောက်လာကတည်းက ဘယ်သူကမှ သူနဲ့ သူငယ်ချင်းလုပ်ဖို့ လာမပြောကြပါဘူး။
ရှိုင်းက အနည်းငယ် အံ့ဩသွားပြီး ပြန်ဖြေခဲ့သည်။

ရှိုင်း: အင်း ငါက အဆင်ပြေပါတယ်...သူငယ်ချင်း လုပ်ကြတာပေါ့...ငါ့မှာလည်း သူငယ်ချင်းမရှိဘူး။

သူရိန်: ဟမ်?! မင်းမှာ သူငယ်ချင်းမရှိဘူး..? ဟုတ်လား!

ရှိုင်း: ဟုတ်တယ်..ငါဒီကျောင်းကို ပြောင်းလာတာ ၁နှစ်ရှိပြီး..ဒါပေမဲ့ အခုထိ သူငယ်ချင်း မရှိဘူးဟ..။

သူရိန်: ငါ့နာမည်က ရဲသူရိန် ပါ!...အမ်..သူရိန်လို့ ခေါ်လို့ရပါတယ်။

ရှိုင်း: ငါ့နာမည်က ဇော်ရှိုင်းထက်ပါ...ရှိုင်းလို့ ခေါ်လို့ရပါတယ်။

💞သူတို့ စကားအပြန်အလှန်ပြောကြရင်း သူရိန်က ကျောင်း အကြောင်းမေးလာတော့ ရှိုင်းက သွေးအေးအေးနဲ့ဘဲ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ပြောပြခဲ့တယ်။

Enemies To lovers Where stories live. Discover now