💞ကျောင်းဆင်းတော့ ရှိုင်းသည် အိမ်ကို ပြန်ကာ ခဏလောက် နားလိုက်သည်။စိတ်တွေအရမ်းရှုပ်နေတာမလို့ စာလည်း မလုပ်ချင်သေးပါ။ဒီနေ့လက်စသတ်မယ် ဆိုတဲ့စာကလည်း သူရိန်ကိစ္စနဲ့ မလုပ်လိုက်ရပါဘူး။ဒါကြောင့် ရှိုင်းသည် စိတ်ကြည်သွားအောင် ရေချိုးဖို့လုပ်သည်။ရေချိုးခန်းထဲတွင် ရေပန်း ကိုဖွင့်ချကာ ခဏသာ မတ်တက် ရပ်နေလိုက်သည်။ရေချိုးပြီးတဲ့ အခါ အ၀တ်စားတွေ လဲပြီး ခုတင်ပေါ်တွင် လှဲချလိုက်သည့်အခါ အိပ်ပျော်သွားခဲ့သည်။
💞ခဏလောက် မှေးပြီးတဲ့အခါ ရှိုင်းပြန်နိုးလာတော့ ညတောင် နက်နေပြီလေ။ရှိုင်းသည် ဒီညကို ဘယ်လို ဖြတ်သန်းရမှန်း မသိတော့ပါ။မနက်ဖြန်ကို သူဘယ်လို ကျော်ဖြတ်ရမှန်း မသိခဲ့လေ။ဗီတာ့ စကားကိုလည်း ထပ်ခါ တလဲလဲ ပြန်ကြားယောင်နေမိသည်။ဗီတာပြောခဲ့တာကတော့"မနက်ဖြန်...အားကစားရုံမှာ..ဆုံကြမယ်နော်..သတ္တိခဲလေး!"
ရှိုင်း: ငါဘာလို့များ..သူတို့ကို..စကားသွားပြောခဲ့..ခဲ့ရတာလဲကွာ...$သုံးကိုမကျဘူး...ဇော်ရှိုင်းထက်!ဘာဘဲ ဖြစ်ဖြစ်..မနက်ဖြန်အတွက်..အတွက်တော့..ခံနိုင်ရည် ရှိမှဖြစ်မယ်..ဟူးးး..
💞ရှိုင်းသည် ညစာစားပြီး အိပ်ခန်းထဲပြန်၀င်လာခဲ့သည်။တစ်ညလုံးလည်းအိပ်လို့ မရခဲ့ပေ။တစ်ညလုံး မနက်ဖြန်အတွက်ဘဲ တွေးနေခဲ့ပြီး ည 3 နာရီ လောက်မှ အိပ်ပျော်သွားခဲ့သည်။မနက်ရောက်သောအခါ ရှိုင်းသည် arlam သံနှင့်အတူ နိုးထလာခဲ့သည်။6နာရီ arlam ပေးထားသည်မို့ ညနက်မှ အိပ်တဲ့ ရှိုင်းသည် အိပ်ရေးမ၀၍ ခေါင်းကိုက်ကာ မူးနောက်နောက် ဖြစ်နေခဲ့သည်။ကျောင်းကို 8နာရီ သွားရမှာမလို့ ရေမိုးချိုးပြီး မနက်စာစားကာ ကျောင်းသို့ ထွက်လာခဲ့သည်။
ရှိုင်း: ငါ...ငါဒီနေ့ အဆင်..အဆင်ပြေပ့မလား..?
💞ကျောင်းရောက်တော့ စာသက်ခန်းကို သွားခဲ့သည်။သို့သော် ရှိုင်း၏ နေရာတွင် ထိုင်ခုံ မရှိပါ။ဒါကြောင့် ရှိုင်းသည် အတွေးတစ်ခု ပေါ်လာခဲ့သည်။တံတွေး မျိုချ မိသွားပြီး ထိတ်လန့် လာခဲ့သည်။
ရှိုင်း: ဇာတ်လမ်းစပြီး...ထင်တယ်..ငါ..ငါဘယ်လို လုပ်ရ...ပ့မလဲ...?
YOU ARE READING
Enemies To lovers
Short Storyအနိုင်ကျင့်တာလေးတွေ ပါတာမလို့ အဆင်မပြေဘူးဆိုရင် မဖတ်ပါနဲ့ရှင်....⚠️ စိတ်ကူးသက်သက်သာ ဖြစ်တာကြောင့် Character တစ်ခု အနေဖြင့်သာ ဖတ်ပေးပါရှင့်⚠️ Warning ⛔ လုံး၀(လုံး၀) မပါပါဘူးရှင့်⚠️ လိုအပ်ချက်ရှိရင်လည်း ထောက်ပြပေးကြပါအုံးနော်💞 Voting ပေးချင်းဖြင့် အ...