Part (8)

429 26 4
                                    

💞သူရိန်သည် ရှိုင်းမိဘ နှစ်ပါး အိမ်ရှေ့တွင် မတ်တက် ရပ် နေကာ အတွေးတွေချာချာလည်နှင့်။ဗီတာ့ကို မစွန့်လွှတ်နိုက်တာကြောင့် ဗီတာသည် ရှိုင်းနှင့် နီးစပ်လို့ မဖြစ်။သူရိန် လုပ်နိုင်တာလည်းဘာမှမရှိ။သို့သော် ဆုံးဖြတ်ချက် ချထားသည်မလို့ အိမ်ရှေ့ တံခါးကို သုံးချက်တိတိ ခေါက်လိုက်သည်။ပွင့်လာသော တံခါးနှင့်အတူ အသက်၄၀ခန့် အမျိုးသမီးတစ်ယောက်ကိုတွေ့ရသည်။ရှိုင်း၏ မေမေ ချိုသက်လွင် ပင်။
သူရိန့်ကို လှိုက်လှဲစွာကြိုဆိုခဲ့သည်။သဘောမနောအလွန်ကောင်းပြီးဖော်ရွေတဲ့ သူမကြောင့် အနည်းငယ် စိတ်ဖြေလိုက်ကာ အထဲတွင်သွားခဲ့သည်။ရှိုင်းကသာ အဆင်မပြေတာ သူ့မိဘတွေကြတော့လည်း အပူပင်ကိုမရှိခဲ့။သူရိန်လည်း လာရင်း ကိစ္စကိုသာ ပြောဖို့ ဆုံးဖြတ်လိုက်ကာ စကားစခဲ့သည်။

သူရိန်: အန်တီ ...တွေ့ရတာ ၀မ်းသာပါတယ်ဗျ!ကျွန်တော် ရဲသူရိန်ပါ...

ဒေါ်ချို: အေးးသား တွေရတာ၀မ်းသာပါတယ်ကွယ်...သားလေးက ဒေါ်‌ေအးသီတာရဲ့သား မဟုတ်လားကွယ့်...?

သူရိန်: ဟုတ်ကဲ့ဗျ!ကျွန်တော် ကိစ္စလေးရှိလို့ လာတာပါ အန်တီချို..!

ဒေါ်ချို: အန်တီ့နာမည်တောင် သိနေတယ်ပေါ့....လာရင်းကိစ္စကိုတောင် သိချင်သွားပြီ...ဆိုပါအုံး..သားရဲ့..လာရင်း ကိစ္စ...

သူရိန်: ဟုတ်ကဲ့!အန်တီ့သားက ဇော်ရှိုင်းထက်ဆိုတဲ့ ကောင်းလေးလားမသိဘူး..?

ဒေါ်ချို: ဟုတ်တယ်လေသားရယ့်....ဘာအဆင်မပြေတာရှိလို့လဲ .?

သူရိန်: အဆင်မပြေတာထက် သူ့အန္တရာယ်ကို ကြိုမြင်လို့ သတိလာပေးခြင်းသက်သက်ပါဗျာ...

ဒေါ်ချို: အိုကွယ်..သားလေးက ဘာပြဿနာ ဖြစ်လို့တုန်း...?

သူရိန်: ကျောင်းရဲ့ ရှယ်ယာရှင်သားတွေနဲ့ ပတ်သတ်တာက ရှိုင်းအတွက် ကောင်းမွန်တဲ့အရာမဟုတ်ပါဘူး အန်တီ..သူ့ကို ကျွန်တော် ပြောလည်း အပိုဘဲ မလို့.....အန်တီတို့နဲ့ ပြောခိုင်းစေချင်ရုံပါ...

ဒေါ်ချို: အိုကွယ်..သားလေးက အဲ့လိုလူမျိုးမဟုတ်ရပါဘူးကွယ်....သူက တစ်ယောက်ထဲဘဲ နေတာမလား...

Enemies To lovers Where stories live. Discover now