Part (15)

512 31 7
                                    

💞အချိန်အားဖြင့် 6 နာရီဘဲရှိသေးပေမဲ့ ရှိုင်းတစ်ယောက် နိုးလို့ နေသည်။ဗီတာ့ကိုကြည့်‌တော့လည်း ဆေးရုံ ခုတင်ဘေးတွင် ခေါင်းမှီကာ အိပ်ပျော်လို့နေသည်။ဗီတာအိပ်ပျော်နေဆဲမလို့ ရှိုင်းက မခေါ်နိုးဘဲ ဗီတာ့ ဆံပင်လေးတွေကို လက်ဖြင့် ထိုးဆွပေးကာ နှစ်သက်စွာ ငေးမော ကြည့်နေမိသည်။ဘာလို့များ ရှိုင်းတစ်ယောက် ချစ်မိခဲ့တာလဲ၊ရှိုင်းလည်း ဗီတာ့ကို ကြည့်နေတုန်း လက်ကောက်၀တ်က ‌စူးပြီး အောင့်တက် လာတာမလို့

ရှိုင်း: အာ့.!

ဗီတာ:ဟင်.?ရှိုင်းလေး...!အဆင်ပြေလား..?ဘယ်နား နာလို့လဲဟင်...!?

💞ရုတ်တရက်ထထိုင်ကာ လက်ကောက်၀တ်ကို နောက်လက်တစ်ဖက်နှင့် ဖိထားသော ရှိုင်းကို အလန့်တကြား မေးလို့နေသည်။ရှိုင်းကတော့ ဒီကောင်လေးကို အသည်းယားမိပါသည်။

ရှိုင်း: လက်ကောက်၀တ်က ..နည်းနည်း..အောင့်လာလို့..!ကျွန်တော်..အဆင်ပြေပါတယ်..!

ဗီတာ: ဘယ်ကသာ..!မောင်ဆရာ၀န်ခေါ်ပေးမယ်နော်..!

💞ပြာယာခပ်နေပြီး ဆရာ၀န်ခေါ်ဖို့ လုပ်နေတဲ့ ဗီတာမင်က ပိုကိုပိုလွန်းပါသည်။သို့ပေမဲ့လည်း ရှိုင်းကို သူချစ်တဲ့ အချစ်က ပေါ့ပေါ့တန်တန် မဟုတ်ဘဲ၊

ရှိုင်း:မောင်..!ကျွန်တော်အဆင်ပြေပါတယ်..မခေါ်နဲ့တော့နော်..

ဗီတာ: ရှိုင်းလေး..!သေချာပါတယ်နော်...!ဒီက မောင်ကို စိတ်ပူအောင် မလုပ်ရဘူး..!

ရှိုင်း: ဟော..မောင်ရယ်...

ဗီတာ: ရှိုင်းလေး ဘာစားချင်လဲ..?မောင်ဘာ၀ယ်ပေးရမလဲ..!?

ရှိုင်း:ဟင့်အင်း..!အနားမှာဘဲ နေပေးပါ..!မောင်အနားမှာမရှိရင်..တစ်ခုခုက..လစ်ဟာ နေသလိုဘဲ..!မသွားပါနဲ့နော်..ဟင့်..!

💞ဘာတွေ တွေးနေမှန်းမသိပေမဲ့ သဘောရိုးနဲ့ စားချင်တာလေး ၀ယ်ပေးရမလား မေးတာကို ရုတ်တရက် ကြောက်လန့်သလိုနှင့် မျက်ရည် ဝဲလာသော ရှိုင်းကို ကြည့်ပြီး ဗီတာပင် သက်ပြင်းချမိသည်။

ဗီတာ: ဟောဗျာ.!ရှိုင်းလေး!မငိုရဘူးလေဗျာ..!ရှိုင်းလေး..မသွားစေချင်ရင်..မောင်မသွားတော့ဘူးနော်..!

Enemies To lovers Where stories live. Discover now