Part (18)

444 31 9
                                    

ဗီတာ: ရှိုင်းလေးရေ..မောင် ဗိုက်ဆာနေပြီလေကွာ..!

ရှိုင်း: မောင်..!အခုဏ လေးကဘဲ အကိုတို့နဲ့ ညစာ စားပြီးလာတာလေ...ဘာစားချင်သေးလို့လဲ...?

ဗီတာ: ဟာဗျာ..ရှိုင်းလေးက..မောင့်ကိုလည်း စိတ်မရှည်ဘူး...တော်ပြီ.!ဘာမှမစားတော့ဘူး..!

💞ခုတင်ပေါ်မှာ ထိုင်နေကာ ဆူပုတ်ပုတ်နှင့် ရစ်နေတဲ့ ဗီတာ့ကို ကြည့်ပြီး ရှိုင်း စိတ်ညစ်နေရသည်။ခဏလေးကမှ ညစာစားပြီးလာတာဖြစ်ပြီး အိပ်ခါနီး မှ ဗိုက်ဆာတယ် လုပ်နေတာကြောင့် ရှိုင်း တစ်ခုခုလုပ်ပေးဖို့ ပြင်ရသည်။ မီးဖိုချောင် တည်း သွားမယ်အလုပ် လက်ကောက်၀တ်ကနေ ဆွဲယူခံလိုက်ရတာမလို့ ဗီတာ့ပေါင်ပေါ်သို့ ရောက်သွားသည်။

ရှိုင်း: အာ့‌! မောင်..!ကျွန်တော် မုန့်လုပ်ပေးမလို့လေ...လွှတ်..!

ဗီတာ: မောင်စားချင်တာ...မုန့်မှမဟုတ်တာ..!

ရှိုင်း: အဲ့တာဆို..ဘာစားချင်လဲ...ကျွန်တော် ဘာလုပ်ပေးရမလဲ..!?

ဗီတာ: လူသားစားချင်တာ..!ဖြူဖြူဥဥ ‌လေးနဲ့ ချစ်စရာကောင်းတဲ့ လူသားလေးကို..စားချင်တာ..!

ရှိုင်း: ဟင်? မောင်...

ဗီတာ: မောင့်ကို ကျွေးမယ်မလား..?! တခြားသူ‌တွေ...တစ်ယောက်မှ..မရှိဘူးလေ...မောင့်ကို ခွင့်ပြုမယ်မလားလို့...

ရှိုင်း: မောင်..ဘာတွေပြောနေတာလဲ..

💞ခရမ်းချဉ်သီးလေးလို မိက်နှာ တစ်ခုလုံး နီရဲ နေတဲ့ ရှိုင်းလေးကို ဗီတာပိုပြီး အသည်းယားမိနေသည်။ရှိုင်းကတော့ တစ်ကိုယ်လုံး ပူထူကာ နေရာကနေသာ ပျောက်ကွယ် သွားလိုက်ချင်နေလေသည်။

ဗီတာ: ကြောက်လို့လား..?

ရှိုင်း: ....

ဗီတာ: ခွင့်ပြုလေနော်..!

ရှိုင်း: ....

ဗီတာ: မောင့်ကို မချစ်ဘူးလား..?

ရှိုင်း: ချစ်တာနဲ့ ဘာဆိုင်လို့လဲ..?

ဗီတာ: ဟာဗျာ..ဗီုက်ဆာလာပြီလို့..ရှိုင်းလေး..!

ရှိုင်း: ကျွန်တော် ကြောက်တယ်..!

ဗီတာ: ကိုက်ပြီး မစားပါဘူး...မောင့်ကို ယုံလေနော်..!

Enemies To lovers Where stories live. Discover now