Part (9)

441 30 3
                                    

Shine Mind.....

[သေချာတာပေါ့....အဲ့တာ..ခင်ဗျားဘဲ...]

ရှိုင်း: ဗီတာမင်!

ဗီတာ:အင်း ပြောလေရှိုင်း...

ရှိုင်း: ကျွန်တော်တို့ ကန်တင်းသွားရအောင်....ပြောစရာလည်း ရှိလို့....ဟို....

ဗီတာ: ဟုတ်ပြီ...သွားကြတာပေါ့...

ရှိုင်း: ဟင်...သူနေမကောင်းဘူးလား ‌အသံက နွမ်းဖက် နေရော(စိတ်ထဲတွင်)

💞ဒီလိုနဲ့ ကန်တင်းကို ထွက်လာခဲ့ကြသည်။ကန်တင်းရောက်တော့ မုန့်အနည်း ၀ယ်လိုက်ပြီး ခုံတစ်ခုံတွင်ထိုင်ကာ ဘာမှမပြောသေးဘဲ တိတ်ဆိတ်နေတဲ့ ရှိုင်းကြောင့် ဗီတာဘဲ စကားစလိုက်သည်။

ဗီတာ: ရှိုင်းလေး...ဘာပြောစရာ..ရှိလို့လဲ..?

ရှိုင်း: အဟွတ်. အဟွတ်!

💞ဖျော်ရည်သောက်နေရင်း ရုတ်တရက် ခေါ်လိုက်တဲ့ *ရှိုင်းလေး*ဟူသော နာမ်စားကြောင့် သီးသွားသည်။ဗီတာကတော့ ပြုံးလျက်။

ဗီတာ: ရှိုင်း ဘာဖြစ်လို့လဲ...ဖြည်းဖြည်း သောက်လည်း ရတာဘဲကို...

💞ပြုံးစိစိနှင့် ဗီတာက ဘာလို့ သီးသွားလည်း သိမည့်ပုံပင်။

ရှိုင်း: ဘာမှမဖြစ်ဘူး..ငါ..ငါအဆင်ပြေတယ်!ပြောစရာရှိတာဘဲပြောရအောင်!

ဗီတာ: ကိုယ်က တီတီတာတာတွေပါ ပြောချင်တာ..!

ရှိုင်း: ဗျာ..ခင်ဗျား..ဘာတွေပြောနေတာလဲ..!

ဗီတာ: ဒါဆိုလည်း လိုရင်းဘဲ ပြောကြတာပေါ့..!

ရှိုင်း: နေအုံး!ခင်ဗျားနေမကောင်းဘူးလား...အသံကိုက အရင်ကနဲ့ မတူဘူး...

ဗီတာ: ကိုယ်နေကောင်းပါတယ်..ရှိုင်းလေးရယ်...ခေါင်းက..နည်းနည်း.....ကိုက်နေလို့...!

💞ဗီတာသည် ခေါင်းမကိုက်ပါ။ဂရုစိုက်ခံချင်လို့သာ ပြောလိုက်ခြင်း ဖြစ်သည်‌တဲ့လေ။အမောင်ဗီတာတို့ကတော့

ရှိုင်း: ဗျာ..ခေါင်းကိုက်နေတာလား...စောစောပြောရောပေါ့..ကျွန်တော့်မှာဆေးပါတယ်..သောက်လိုက်နော်..!

💞တုန်တုန်ရီရီနဲ့ ပြောနေသော ရှိုင်းကြောင့် ဗီတာပြုံးမိသည်။"ငါ"ဟူသော အသုံးအနှုန်းကို သုံးနေရင်းမှ "ကျွန်တော်"ဟူ၍ ချက်ချင်းပြောင်းသွားလေရဲ့။

Enemies To lovers Where stories live. Discover now