7

1.2K 184 14
                                    

" မဟုတ်ရင်တောင် မင်းကိုဖုန်းဆက်ပြီးမေးမလို့ပြင်နေတာ..တစ်ခုခုဝယ်လာပေးခဲ့ရမလားလို့..လာ ဒီမှာထိုင် "

ဂျယ်ယွန်းက သူ့ဘေးဘက်မှ ခုံကို ဆွဲထုတ်ပေးကာ ပြောတော့ ထိုကောင်လေးကလည်း အလိုက်သင့်ပင်ဝင်ထိုင်လာလေသည်။

စိမ်းသက်နေသော မျက်နှာဖြစ်၍ ဂျောင်ဝန်းကတော့ဖြင့် ပါးလေးဖောင်းကာ တလှုပ်လှုပ်ဝါးရင်း အားလုံးကို မျက်တောင်မခတ် လိုက်ကြည့်နေမိ၏။

ထိုအခါ သူ့ထံအကြည့်ရောက်လာသော ဂျယ်ယွန်း hyung က ခုမှ အမှတ်ရဟန်နှင့် မိတ်ဆက်ပေးလာလေသည်။

" အာ..ဂျောင်ဝန်း မသိသေးဘူးမလား
နှုတ်ဆက်လိုက်ပါဦး ဒါ hyung အခန်းဖော် နီခီလေ
..မနေ့ညက မင်းကိုသယ်လာပေးတာလည်း သူပဲ "

ထိုအခါမှ ဂျောင်ဝန်း မျက်လုံးအိမ်လေးများသည် ကျယ်ဝန်းသွားကာ ဝါးလက်စကို ကမန်းကတန်းမျိုချ၍ ခေါင်းငုံ့ကာ အသေချာနှုတ်ဆက်လာလေ၏။

" အို့.. မင်္ဂလာပါ hyung "

" အင် ? "

ဂျောင်ဝန်းသည် သေချာနှုတ်ဆက်လိုက်သည်မှာ မှန်သော်လည်း ထိုတစ်ယောက်ကတော့ဖြင့် ကြောင်အသွားသကဲ့သို့ အမေးထုတ်သည့်ဟန်ဖြင့် ခေါင်းစောင်းကာ မေးလေးကိုရှေ့တိုးပြလာလေသည်။

ဂျယ်ယွန်းသည်လည်း ပထမ ကြောင်တောင်တောင်ဖြစ်သွားရပေမယ့် စက္ကန့်ပိုင်းမျှအကြာတွင် ထရယ်မိတော့၏။

" အာ... ဟားဟား..အဲ့လို မဟုတ်ဘူး ဂျောင်ဝန်း.. သူက အရပ်ကြီးရှည်နေတာမှန်ပေမယ့် ခုမှ 1st year စတက်တာ.. အားလုံးထက်ငယ်တယ်..မင်းထက်ရောပဲ "

" အာ.. "

ရုတ်တရက် ဂျောင်ဝန်းသည် ထိုစားပွဲဝိုင်းတွင်ရှိနေသော လူ အားလုံး၏ အရယ်မောခံလေးဖြစ်သွားခဲ့ရသည်။

ဟီဆွန်း hyung ကမူ ချစ်စနိုးနှင့်ပင် ခေါင်းလေးကို ၂ ချက်ခန့် ဖိပွတ်လာ၏။

ဂျောင်ဝန်း အားလုံးကို စိတ်ထဲမရှိပေမယ့် မိမိရှေ့က မျက်လွှာချကာ ရယ်နေသည့်တစ်ယောက်ကိုတော့ဖြင့် အမြင်မကြည်။

ဒီတိုင်းနေလျှင်တောင် အမြင်မကြည်ရသည့်အထဲ အငြိမ်မနေနိုင်သည့် ပါးစပ်ကပါ ထပ်ပွင့်ဟလာခဲ့၏။

Roomie Boyfie Where stories live. Discover now