" အဆင်ပြေပါ့မလား ဂျယ်ယွန်းah.. အဆောင်ကနေ ဒီတိုင်းထွက်ဖို့ဆို တအားလူပွေလူရှုပ်ပုံစံနဲ့တူမနေဘူးလား ဒါက "အနက်ရောင်ဂျင်းကုတ်ကို မှန်ထဲတွင် သေချာဝတ်ကြည့်နေရင်း ဗျာများနေသော ဟီဆွန်း hyung အား ဂျယ်ယွန်း တိတ်တဆိတ်အကြည့်များဖြင့် ခြေဆုံးခေါင်းဆုံး judge လုပ်လိုက်၏။
တကယ်လည်း လူပွေလူရှုပ် မဟုတ်တာကျလို့။
သို့သော် ဟီဆွန်း hyung ၏ အကြည့်များ သူ့ထံသို့ အကြံဥာဏ်ယူရန် ရောက်ရှိလာချိန်တွင်မူ အတတ်နိုင်ဆုံးတောက်ပစွာ ရယ်ပြ၍ ပခုံးနှစ်ဖက်ပေါ်ထက်သို့ ပုတ်ပေးရင်း ဖြေလိုက်သည်။
" အာ မတူပါဘူးဗျာ.. hyung က ဘာဝတ်ဝတ်ကြည့်ကောင်းတာကို..မျက်နှာလေးတစ်ခုနဲ့တင်အားလုံးကို ထိန်းထားပြီးသား စိတ်မပူနဲ့ ! "
မြှောက်ပင့်စကားတို့က မဆိုင်းမတွပင် ဟီဆွန်း၏ သွားညီညီတန်းတန်းလေးများကို ပေါ်လာစေခဲ့ပြီးနောက် အနည်းငယ် ရှက်ကို့ရှက်ကန်းနှင့် ဆို၏။
" ဟုတ်လား..ဒါဆိုလည်း ဒါပဲဝတ်သွားလိုက်တော့မယ်... အခြားကလေးတွေရော ? "
" အင်း သူတို့လည်း ပြင်လို့ပြီးတော့မယ်တဲ့ "
ဂျယ်ယွန်းစကားဆုံးသည့် အချိန်တွင်ပဲ ဟီဆွန်း၏ အခန်းတံခါးက ဆွဲဖွင့်ခံလိုက်ရကာ အနည်းငယ် ရှိုးတို့ရှန့်တန့်အမူအရာနှင့် ကောင်လေးတစ်ယောက်အထဲသို့ ဝင်လာလေသည်။
ထိုကောင်လေးမှာ သူတို့အကြီးတစ်အုပ်၏ အတင်းအကြပ် သွေးဆောင်ဖျားယောင်းမှုကြောင့် မတတ်သာစွာ ပထမဆုံးအကြိမ်အနေနှင့် club ကို လိုက်ရမည့် ယန်းဂျောင်ဝန်းသာပင်။
မိုးပြာရောင် hoodie လေးနှင့် ဝတ်နေကျအတိုင်း အရိုးရှင်းဆုံးအနေအထားနှင့် ဝင်လာသော ထိုကောင်လေးအား ကြည့်ရင်း ဟီဆွန်းနှင့် ဂျယ်ယွန်းခမျာ ခေတ္တခဏ ဆွံ့အသွားခဲ့ရရှာ၏။
ဂျယ်ယွန်းက အကြီးအကျယ် လက်သင့်မခံနိုင်သည့် လေသံနှင့် အမေးထုတ်လာသည်။
" ဒီတိုင်းဝတ်သွားမလို့ ? Club ကို ? "
ဂျောင်ဝန်းသည် အားနာမှုတစ်ဝက် နေရခက်မှုတစ်ဝက်လေးနှင့် ရယ်သာပြလိုက်ရ၏။