18

1.3K 199 50
                                    

" နှစ်တိုင်းလည်း ဒီလိုအချိန်တွေဆို စျေးရောင်းပွဲတော်တွေလုပ်တာက အစဥ်အလာပဲမို့ ဒီနှစ်လည်း အရင်နှစ်တွေကလိုပဲဖြစ်မယ်ထင်ပါတယ်..အဆောင်ကိုယ်စားပြု 3 ဆိုင်လောက် ထွက်ရမယ် "

Lecture ချိန်များ ပြီးစီးသွား၍ ထုံးစံအတိုင်း canteen တွင်ထိုင်နေကြရင်းမှ ဟီဆွန်း hyung ပြောပြလာသည်များကို အားလုံးက စိတ်ဝင်တစားနှင့် နားထောင်နေကြ၏။

" ဌာနကိုယ်စားပြုတွေလည်း ထွက်မှာမို့ ကိုယ့်ဌာနမှာလုပ်အားပေးချင်လည်း ရတယ်.. ဒါပေမယ့်လည်း သိတဲ့အတိုင်း ငါ့မှာက မင်းတို့အပြင်မရှိဘူးမလား..အတတ်နိုင်ဆုံး အဆောင်မှာပဲ လုပ်အားပေးရင်ကောင်းမယ် "

ဟီဆွန်း hyung က စကားပြောနေရင်းမှ ဝိုင်းစက်နေသော မျက်လုံးအိမ်ကျယ်ကျယ်လေးများကို လက်နက်အဖြစ် ထုတ်သုံးလာတော့ အအေးပိုက်ကိုကိုက်ကာ စုပ်သောက်နေသော ရှင်းဂျယ်ယွန်းတစ်ယောက် ပျင်းရိပျင်းတွဲ့နှင့် နှာခေါင်းရှုံ့ကာပြောလာသည်။

" လုပ်ပါ့မယ်နော်.. hyung အဲ့ဒီမျက်လုံးတွေကို ထုတ်မသုံးလည်းရပါတယ်.. ဘယ်လိုပဲဖြစ်ဖြစ် ဌာနကဟာတွေနဲ့လည်း အကြောတည့်တာမဟုတ်ဘူး "

ထိုအခါ ဟီဆွန်းက ရယ်ရင်း ဂျယ်ယွန်း၏ဆံပင်လေးများကို လှမ်းဖွပေးလာ၏။

" ဒါနဲ့ ရောင်းမယ်ဆို ဘာရောင်းကြမှာလဲဟင် ? "

အသံခပ်တိမ်တိမ်လေးနှင့် မျက်လုံးဝိုင်းလေးများ ပုတ်ခတ်လျှက် စူးစမ်းစွာမေးလာသူက ဂျောင်ဝန်းသာဖြစ်သည်။

" ah.. အဲ့တာက အတိအကျမဆုံးဖြတ်ရသေးဘူး.. ပုံမှန်အားဖြင့်တော့ ကိုယ့်ဘက်က သေသေချာချာပြင်ဆင်နိုင်တဲ့ အစားအသောက်မျိုးပေါ့.. အချိုပွဲတွေဆိုလည်းဖြစ်တာပဲ "

ဟီဆွန်း hyung ၏ ရှင်းပြမှုအဆုံးတွင် ဂျောင်ဝန်းက နားလည်သွားဟန်နှင့် ခေါင်းလေးတငြှိမ့်ငြှိမ့်လုပ်ကာ အာ ဟုသံရှည်လေးဆွဲလာ၏။

ထို့နောက် ဂျုံဆောင်းကပါ ထပ်ပေါင်းမေးလာသည်။

" အဲ့တော့ hyung အနေနဲ့ရော ဒီနှစ် ဘာရောင်းရင်ကောင်းမယ်လို့ စဥ်းစားထားလဲ "

Roomie Boyfie Where stories live. Discover now