24

1.2K 191 43
                                    

ရေချိုးခန်းထဲမှ ရေကျသံများသည် ယခုချိန်ထိ အဆက်မပြတ် ထွက်ပေါ်နေဆဲဖြစ်၏။

ထို့နောက် သဲသဲကွဲကွဲ မရှိသော နှုတ်ခမ်းချင်းပွတ်တိုက်သံများနှင့် ညည်းညူသံများ ၊ ပြင်းထန်နေသော အသက်ရှူသံများသည် ရေချိုးခန်းအတွင်းမှ ရေငွေ့ရောသော လေထုနှင့်အတူ စိုထိုင်း သိပ်သည်းနေခဲ့လေသည်။  

ထိုကောင်လေး၏ တစ်ကိုယ်လုံးကို ဂျုံဆောင်း ပွေ့ချီထားလျှက် တစ်ဆက်တည်း ပူပြင်းသော လှုပ်ရှားမှုကိုပါ လုပ်ဆောင်နေရသော်လည်း နည်းနည်းလေးမှ ပင်ပန်းမောဟိုက်သလို မခံစားရ။

ထိုကောင်လေး သူ့ခါးတွင် ချိတ်တွယ်ထားသော ခြေတံလေးနှစ်ဖက်နှင့် ကျောထိကပ်ကာ တွန်းကန်ထားသော ရေချိုးခန်းနံရံ၏ အကူအညီကြောင့်လည်း ဖြစ်လောက်မည်။

အရာရာက အလျဥ်းသင့်လျှက် ပင်ပန်းမှုထက် သူတို့နှစ်ဦးအား စိတ်ဆန္ဒတက်ကြွမှုများကိုသာ ပိုပေးနေလေ၏။

ဂျုံဆောင်း၏ ခေါင်းနောက်ဘက်မှ ဆံချည်မျှင်စုများသည် လက်ဆစ်လေးများနီရဲနေသော လက်ချောင်းသွယ်လေးများ၏ အားအင်နှင့် ဆုတ်ကိုင်ထားမှုကို ခံနေရသော်လည်း ထိုနာကျင်မှုလေးကပါ တစ်မျိုးတစ်ဖုံစွဲမက်ချင်စရာကောင်းနေပြန်သည်။

လက်စားချေခြင်း မဟုတ်ပေမယ့် ဂျုံဆောင်းသည်လည်း ထိုကောင်လေး၏ လည်တိုင်လေးထက်ကို အားပြင်းပြင်းနှင့်ကိုက်ခဲကာ စုပ်ယူနမ်းရှိုက်မိပါ၏။

ထိုအခါ နီရဲ၍ ပန်းနုရောင် ထနေသော အမှတ်အသားလေးများက ထိုကောင်လေး၏ ဖြူဖွေးနုဖတ်နေသော အသားအရေလေးထက်တွင် တန်းစီကာ နေရာယူလာခဲ့လေသည်။

" hah... ပင်ပန်းနေပြီလား
ကိုယ်နည်းနည်းထပ်ရှေ့ဆက်လို့ ဖြစ်သေးတယ်မလား ? "

မောဟိုက်သံများသည် စကားလုံးများကိုပင် မသဲမကွဲဖြစ်စေသော်လည်း ထပ်နီးကပ်စရာမကျန်တော့သည့် အနေအထားတွင်မို့ ဂျောင်ဝန်းနားထဲသို့ ရှင်းရှင်းလင်းလင်းကို ဝင်လာ၏။

ကိုယ်တိုင် အသက်ရှူရ အလွန်တရာ ခက်ခဲနေသည့်ကြားမှ ဂျောင်ဝန်း ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်မိသည်။

Roomie Boyfie Where stories live. Discover now