25

1.3K 204 43
                                    


ရာသီဥတုသည် အရမ်းမအေးပါ။

သို့သော်လည်း မနက်ခင်း canteen အတူထိုင်ရန်ထွက်လာသည့် အချိန်၌မူ ဂျောင်ဝန်း လည်ထောင် sweat shirt လေးနှင့်ဖြစ်နေခဲ့၏။ 

ဟီဆွန်း hyung က သူ hoodie အစား ဝတ်နေမကျသော လည်ထောင် sweat shirt ဝတ်လာသည်အား အနည်းငယ် စူးစမ်းချင်သယောင် ပြုနေခဲ့သော်လည်း ဂျောင်ဝန်း ကြိတ်မှိတ်၍ မသိချင်ယောင်ကာ ဂျုံဆောင်း hyung နှင့်သာ ကွယ်နေခဲ့သည်။ 

ယနေ့က ကျောင်းပိတ်ရက်ဖြစ်သည်မို့ ဂျယ်ယွန်း hyung အပါအဝင် သူတို့ 4 ယောက်လုံး အဆောင်မှ canteen သို့ အတူတူထွက်ခဲ့ကြခြင်းပင်။

Canteen သို့ ရောက်သောအခါ ဂျောင်ဝန်း ထိုင်နေကျအတိုင်း ဟီဆွန်း hyung ဘေးမှ နေရာတွင် ဝင်ထိုင်ရန် ပြင်လိုက်သော်လည်း ရုတ်တရက် သူ့လက်မောင်းတစ်ဖက်နှင့် ပခုံးစွန်းတစ်ဖက်က အသာလေးဆွဲယူခံလိုက်ရကာ တစ်စုံတစ်ယောက်၏ ဘေးဘက်နေရာတွင် ဝင်ထိုင်မိလျှက်သားဖြစ်သွားရ၏။

" သွား..ရှင်းဂျယ်ယွန်း..မင်းနဲ့အတူ ဘေးချင်းကပ်မထိုင်ချင်လို့ မင်းက ဟီဆွန်း hyung ဘေးဘက်ကိုသွား "

" ငါက နူနေလို့လား ? "

ဂျယ်ယွန်းက ဝတ်ကျေတန်းကျေ တစ်ခွန်းပြန်ပက်လာပေမယ့်လည်း ထွေထွေထူးထူး မကျေနပ်ဟန်မပြဘဲ နဂို ဂျောင်ဝန်းထိုင်နေကျ ဟီဆွန်း hyung ၏ ဘေးဘက်နေရာတွင် သွားဝင်ထိုင်လိုက်သည်။

ထို့နောက် သူ့ပင်တိုင် မီနူးကိုမှာ၏။

" ဒေါ်လေး ဒီကို ပင်လယ်စာခေါက်ဆွဲ ပူပူလေးတစ်ပွဲ "

ဂျုံဆောင်းသည် menu အားဆွဲယူကာ ကြည့်လိုက်သော်လည်း သူ့အာရုံထဲတွင် အားအင်ပြည့်စေမည့် အစားအသောက်တစ်ခုခုကိုသာ လက်တန်း စဥ်းစားလိုက်ပြီးနောက် ဘေးဘက်မှကောင်လေးနားသို့ ခပ်တိုးတိုးလေး တိုးကပ်ကာမေးလိုက်သည်။

" ဖက်ထုပ်ပြုတ်သောက်မလား ? ကိုယ်မင်းကို နောက်တာမဟုတ်ဘူးနော်..အတည်ပြောတာ ဒီကဖက်ထုပ်ပြုတ်က ကြက်ပြုတ်ရည် base လုပ်ထားတာမို့ အားပြန်ပြည့်ဖို့အထောက်အကူပြုမယ်ထင်တာပဲ "

ဂျုံဆောင်း ဘယ်လောက်ပဲ အနားကပ်ပြီး တိုးတိုးတိတ်တိတ်ပြောနေပေမယ့်လည်း တစ်ဝိုင်းတည်းတွင် ထိုင်နေကြသူများအနေနှင့် ကြားနေနိုင်ဆဲပင်။

Roomie Boyfie Where stories live. Discover now