17

1.2K 187 24
                                    


" ah.. တကယ်ပါပဲ..ပုံမှန်ဆိုလည်း deadline နီးမှ အခြားလူခေါင်းပေါ်  အားလုံးပုံချတတ်တဲ့အကျင့်ရှိတာလား သူတို့က "

Laptop keyboard ပေါ်တွင် ဂျောင်ဝန်း၏ လက်ချောင်း ဖြူဖြူသွယ်သွယ်လေးများ အပြေးအလွှား လှုပ်ရှားနေရင်းမှနေ ပါးစပ်မှလည်း မကျေနပ်မှုအချို့ကို ခပ်ဖွဖွရေရွတ်မိ၏။

မနက်ဖြန် သူတို့ group project တွက် assignment တင်ရမည့် နောက်ဆုံးရက်ဖြစ်ပါသည်။

ပထမ အားလုံး ကိုယ့်အပိုင်းနှင့်ကိုယ် တာဝန်ယူထားသလောက်အား ဂျောင်ဝန်း လက်စသတ်ပြီးပေမယ့် ရုတ်တရက်ကြီး personal case တွေကြောင့် မအားလပ်ဟုအကြောင်းပြကာ အကူအညီတောင်းလာတော့လည်း သူဘယ်လိုမှ မငြင်းဆိုနိုင်ပေ။

သည်လိုနှင့်ပဲ Assignment တစ်ခုလုံးအတွက် နောက်ဆုံး အချောသပ် စာရိုက်ပေးရမည့်သူက သူဖြစ်သွားခဲ့ပါ၏။

သေချာပေါက် ယနေ့ညကတော့ တော်ရုံနှင့် အိပ်နိုင်တော့မည် မဟုတ်ပေ။ 

မိနစ် 20 ခန့် screen ထက်တွင် မလှုပ်မယှက် အာရုံစိုက်လိုက်ရတော့ တဖြည်းဖြည်း ဂျောင်ဝန်း လည်ပင်းတွေ ညောင်းကိုက်လာခဲ့ရသည်။

ထို့ကြောင့် တပ်ထားသော စာကြည့်မျက်မှန်လေးအား ခဏချွတ်ကာ ခုံထက်၌တင်၍ မျက်လုံးများကို ခေတ္တမှေးမှိတ်ပြီး လည်ပင်းအကြောများကို အနည်းငယ် လှုပ်ရှား နှိပ်နယ်လိုက်၏။

" ahh.. ကော်ဖီတစ်ခွက်လောက်သောက်ရရင် ကောင်းမှာပဲ "

သူ နှုတ်ဖျားမှ ရေရေရာရာမရှိဘဲ ခပ်တိုးတိုး ပြောလိုက်မိတဲ့ စကားပေမယ့် ရုတ်တရက် အသင့်ဖျော်ပြီးသား ကော်ဖီတစ်ခွက်က အမှန်တကယ်ကို သူ့စားပွဲပေါ်ထက်သို့ ရောက်ရှိလာခဲ့လေသည်။

ဂျောင်ဝန်း အနည်းငယ် အံ့သြမိသွားသည့် အခိုက်  ထိုကော်ဖီခွက်ကို ချပေးလာသည့် လက်တစ်ဖက်၏ ပိုင်ရှင်ကလည်း သူ့ထိုင်ခုံနောက်တွင် အနည်းငယ် ငုံ့ကိုင်းအုပ်မိုးလျှက် laptop screen ထက်ကို စူးစမ်းလာခဲ့၏။

" Assignment ရေးနေတာလား "

သူ့ နားရွက်နားမှ ကပ်လျှက်ထွက်ပေါ်လာသောအသံသည် ငြိမ်သက်၍ အနည်းငယ် နက်ရှိုင်းကာ နူးညံ့မှုတစ်စုံတစ်ရာလည်း ပျော်ဝင်နေခဲ့သည်။

Roomie Boyfie Where stories live. Discover now