" အောန်.. ဂျောင်ဝန်းနီ ရောက်လာပြီလား
ဘယ်တွေသွားနေတာလဲ "" အာ..လာရင်း နည်းနည်း လမ်းလည်သွားလို့ "
အခြားသူများ အားလုံးဝိုင်းစုဖွဲ့ကာ စိမ်နေသောကန်ထဲသို့ ဂျောင်ဝန်း ခပ်ဖြည်းဖြည်းချင်းဆင်းလာခဲ့ချိန်တွင် နေရခက်နေသောမျက်နှာလေးက ရဲတွတ်နေဆဲဖြစ်သော်လည်း ရေပူငွေ့များကြား မသိသာခဲ့ပေ။
ဟီဆွန်း hyung ဘေးနားနေရာတွင် ကုပ်ကုပ်လေးဝင်ထိုင်ကာ ငြိမ်နေမိသော် ဟီဆွန်း hyung က သူ့ကိုသေချာလေး အကဲခတ်ကာ ကြည့်ရှုလာသည်။
" ဂျောင်ဝန်းနီ တစ်နေရာရာက နေမကောင်းလို့လား "
" မ..မဟုတ်ပါဘူး "
သူပြန်ဖြေလိုက်ချိန်မှာပဲ ကန်ထဲသို့ ထပ်မံရောက်ရှိကာ ဆင်းလာသော တစ်စုံတစ်ယောက်ကြောင့် ဂျောင်ဝန်း မျက်လုံးလေးလှန်ကာ ကြည့်မိ၏။
သို့သော် ခဏမျှသာဖြစ်ပြီး တစ်ဖက်နှင့် အကြည့်ချင်းမဆုံခင်မှာ အမြန်ပြန်လွှဲလိုက်သည်။
သူ့မျက်ဆန်လေးများ အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားမှုသည် မတည်ငြိမ်သေးသော စိတ်အခြေအနေကို ဖော်ပြနေပြီး နဖူးပေါ်လက်တစ်ဖက်အုပ်မိုးလာချိန်တွင် ဆတ်ခနဲပင်လန့်ဖြတ်တုန်ယင်သွားရ၏။
ထိုအခါ သူ့ကို ကိုယ်ပူစမ်းလာသော ဟီဆွန်း hyung က ပိုမိုစိုးရိမ်ဟန်လေးဖြစ်သွားခဲ့လေသည်။
" ဂျောင်ဝန်းah.. အဆင်ပြေတာသေချာရဲ့လား
အသားတွေလည်း နည်းနည်းပူနေသလိုပဲ "ထိုအခါ မိမိအပေါ်ကို စူးစူးစိုက်စိုက်ကျရောက်လာသော အကြည့်များကို ဂျောင်ဝန်းခံစားမိသဖြင့် မျက်တောင်လေးများ တဖျတ်ဖျတ်ခတ်ရင်းသာ နှဖူးပေါ်မှ ဟီဆွန်း hyung လက်ကို အသာကိုင်ကာဖယ်၍ ထပ်ငြင်းရ၏။
" ရပါတယ်..ရေပူငွေ့တွေဟပ်နေလို့ပူနေတာရယ်..ကျွန်တော့်အသားအရေက နည်းနည်းပါးပြီး နဂိုတုန့်ပြန်လွယ်လို့ "
" အော်..အဲ့လိုလား "
ထိုအခါမှ ဟီဆွန်း hyung ၏မျက်နှာပေါ်မှ စိုးရိမ်ရိပ်တို့က ပျောက်ကွယ်သွားပြီး ခပ်ဖွဖွပြုံးပြကာ ခေါင်းလေးကို ပုတ်ပေးလာသည်။