3

138 18 2
                                    

Unicode

သောကြာနေ့မနက်ခင်း..
ဘတ်ဟျွန်း ချန်းယောလ်ဘေးတွင်နိုးလာခဲ့သည်၊ ခြေတွေလက်တွေနဲ့ ချန်းယောလ်ကိုတွယ်ဖက်ထားလျက်နဲ့ပေါ့။
အကြော‌နည်းနည်းဆန့်ပြီးတဲ့နောက် ချန်းယောလ်အင်္ကျီမဝတ်ထားဘူးဆိုတာ ဘတ်ဟျွန်းသိလိုက်သည်၊ ပခုံးတို့အနည်းငယ်တွန့်သွားရ၏။ ချန်းယောလ်ကို တွန်းထုတ်ဖို့ကြိုးစားကြည့်ပေမယ့် အခွင့်အရေးမရှိဘူးဆိုတာဘတ်ဟျွန်းသိခဲ့သည်။

"ချန်းယောလ်!" ဘတ်ဟျွန်းအသံအကျယ်ကြီးနဲ့အော်လိုက်သည်။

"ထတော့! ဘယ်အချိန်ရှိနေပြီလဲ?"

"ဟင်.. မနက်၉နာရီလေBaek
အိပ်တော့"

အဲ့လိုပြောပြီး အကောင်ပေါက်လေးကို သူ့ရဲ့အင်္ကျီကင်းမဲ့နေတဲ့ရင်ခွင်ထဲထည့်ကာ ဆွဲညှစ်လိုက်သည်။

"ကိုး-ကိုးနာရီ?! ချန်းယောလ် ကျွန်တော်ကျောင်းသွားရမယ်"

"ကိုယ်လဲသွားရမယ်.." ချန်းယောလ်ပြန်ဖြေသည်။

"ဒါပေမယ့် ဒီနေ့တော့မဟုတ်ဘူး
ကိုယ်တို့ပိတ်ရက်လိုတယ်လို့ထင်တယ်"

ဘတ်ဟျွန်း ခေါင်းကိုခါလိုက်သည်။
ဘယ်လိုပဲဖြစ်ဖြစ် အခုမှကျောင်းသွားဖို့ထ,လုပ်လဲ မှီတော့မှာမှမဟုတ်တာ။ ဒါကြောင့် ချန်းယောလ်ဘေးမှာလှဲပြီး ဖုန်းသုံးနေလိုက်သည်။

ဆယ်မိနစ်တောင်မကြာသေးခင် ဘတ်ဟျွန်းထပ်ညည်းတွားသည်။

"ချန်းယောာာာလ်"

"ပြော?" ချန်းယောလ် ခန္ဓာကိုယ်ကိုဆန့်တန်းလိုက်သည်။

"ကျွန်တော်ဗိုက်ဆာတယ်
မနက်စာပြင်ပေး"

"ကိုယ်တို့ရဲ့ဆက်ဆံရေးမှာ မင်းက feminineနေရာကမဟုတ်ဘူးလား"

"မိန်းမတွေပဲချက်ပြုတ်ရမယ်လို့ပြောချင်တာလား? ယောက်ျားတွေကလဲ ထမင်းဟင်းချက်ပြုတ်ပြီး အိမ်ကိုကောင်းကောင်းဂရုစိုက်သင့်တယ်၊ ကျွန်တော်တို့က ဒီမှာအပျော်သပ်သပ်ပဲမဟုတ်-"

"okay okay ကိုယ်သိပါပြီ မိန်းမရယ်
မီးဖိုချောင်ထဲမှာခဏစောင့်နေ ကိုယ်အိမ်သာအမြန်သွားလိုက်အုံးမယ်"

Innocence ( Translation )Where stories live. Discover now