6

123 10 0
                                    

Unicode

ဘတ်ဟျွန်းအတွက်တော့ ကိစ္စတွေကရှုပ်ထွေးစေသည်။ ဘတ်ဟျွန်းအိပ်ရာကနေနိုးလာပေမယ့် မထချင်သေးဘူး။ အကြောဆန့်ပြီး ပြတင်းပေါက်ဘက်သို့ကြည့်လိုက်၏။ နေထွက်ခါနီးနေပြီဖြစ်သည်။
ကောင်းကင်ကြီးက ဘတ်ဟျွန်းသဘောကျတဲ့ လှပတဲ့လိ‌မ္မော်ဝါရောင်ရှိနေသည်။ ထို့နောက် ထထိုင်လိုက်ကာ စောင်ကိုဘေးသို့ဆွဲဖယ်လိုက်ပြီး ဖုန်းကိုရှာနေသည်။ ဖုန်းကိုဖွင့်လိုက်တော့ ချန်းယောလ်ဆီမှ missed calls သုံးခုနဲ့ လူဟန့်ဆီမှ မဖတ်ရသေးသောစာ၁၅စောင်ကိုတွေ့လိုက်ရသည်။

ဘတ်ဟျွန်း ချန်းယောလ်ကိုဖုန်းခေါ်လိုက်သည်။ ခဏလောက်နေတော့ သူရဲ့ချစ်ရသူက ဖုန်းကိုင်လာသည်။

"မင်းနောက်ကျတော့မယ် ဘတ်ဟျွန်း"

‌ကျောင်းက ၈နာရီမှာစ,ရင်တောင် ကျောင်းကို ၆နာရီရောက်မယ် ဒါကြောင့် ၅နာရီထိုးရင် ထရမယ် ဆိုတဲ့ချန်းယောလ်ရဲ့အသံကိုကြားရသည်။ ဘတ်ဟျွန်းရယ်လိုက်၏။

"Good Morning Mr.Park"

"ကိုယ်တို့ကျောင်းမှာမဟုတ်ရင် ကိုယ့်ကိုအဲ့လိုခေါ်စရာမလိုဘူးဆိုတာသိတယ်မလား"

"တကယ်တော့ ခေါ်စရာလိုတယ်
ခင်ဗျားက အဲ့လိုခေါ်တာကိုကြိုက်တယ်လေ"

"အမှန်ပဲ" ချန်းယောလ်ရယ်၏။

"မင်း အခုအဆင်သင့်ဖြစ်အောင်ပြင်ထားမှရမယ် ဘတ်ဟျွန်း၊
မဟုတ်ရင် မင်း ကိုယ်ထိန်းသိမ်း(အပြစ်ပေး)တာခံရလိမ့်မယ်"

"အိုး ခင်ဗျားသိလား တခါက ကျွန်တော်ဖတ်ဖူးတယ် ထိန်းသိမ်း(အပြစ်ပေး)နေတဲ့အချိန် ဆရာနဲ့ကျောင်းသားကြားမှာ ရူးကြောင်ကြောင်ကိစ္စတွေဖြစ်သွားတယ်ဆိုတာလေ၊ ဒီဟာကရော Mr.Parkရဲ့ရည်ရွယ်ချက်ပဲလား?"

ချန်းယောလ် လည်ချောင်းကိုရှင်းလိုက်သည်။

"မင်းခွင့်မပြုမချင်း ကိုယ်ဘာမှမလုပ်ဘူးဆိုတာသိတယ်မလား?"

"ဪ ခင်ဗျားအသက်သုံးဆယ်ကျော်တဲ့ထိ ခင်ဗျားစောင့်ရမှာပဲ"

စိတ်ပျက်ပျက်နဲ့သက်ပြင်းချလိုက်တဲ့အသံကို ဘတ်ဟျွန်းကြားလိုက်ရသည်။

Innocence ( Translation )Where stories live. Discover now