18

50 9 4
                                    

Unicode

အရာအားလုံးဟာ ချန်းယောလ်ရဲ့မျက်လုံးထဲမှာ ရောထွေးနေပြီး အလင်းရောင်ဟာလည်း တောက်ပလွန်းနေသည်။ ‌သူ့ခန္ဓာကိုယ်ကိုခြုံထားတဲ့ နွေးထွေးတဲ့စောင်နဲ့ သူ့ခေါင်းနဲ့လည်ပင်းအောက်က နူးညံ့တဲ့ခေါင်းအုံးတို့ကို ခံစားမိသည်။ အလင်းတို့နဲ့ကျင့်သားရဖို့ ခဏလောက်မျက်တောင်ကိုတဖျတ်ဖျတ်ခတ်လိုက်သည်။

"သူ-သူနိုးလာပြီ!" တုန်ယင်နေတဲ့အသံလေးကို ချန်းယောလ်ကြားလိုက်တယ်၊ မျက်လုံးတို့ကိုဖွင့်လိုက်တော့ သူ့ကုတင်ဘေးကခုံမှာ ဘတ်ဟျွန်းထိုင်နေတာကိုတွေ့လိုက်ရသည်။

"ဘတ်ဟျွန်း?" ချန်းယောလ်က ထဖို့ကြိုးစားသည်။

"ချန်းယောလ် ၊ မထနဲ့" ဘတ်ဟျွန်းကပြောပြီး သူ့ကို‌ပြန်လှဲစေသည်။ "အရမ်းမလှုပ်နဲ့နော်"

ချန်းယောလ်ခေါင်းငြှိမ့်လိုက်ချိန် ခေါင်းထဲမှနာကျင်မှုကိုခံစားလိုက်ရသည်။ ဆရာဝန်တစ်ယောက်ကအခန်းထဲဝင်လာပြီး လူနာဆီလျှောက်လာ၏။ ဆရာဝန်သည် ချန်းယောလ်ရဲ့ဖိုင်ကိုကြည့်ကာ ပြုံးပြလာသည်။
"ဟယ်လို ချန်းယောလ်၊ အခုဘယ်လိုနေသေးလဲ?"

ချန်းယောလ်က ဆရာဝန်ကိုကြည့်ပြီး ဘာပြန်ဖြေရမယ်မှန်းမသိ။ "ကျွန်တော်မသိဘူး၊ ခေါင်းမူးနေသလိုတော့ခံစားရတယ်"

"Hm ဒါကသာမန်ပါပဲ။ စိတ်ပူစရာမလိုတော့ပါဘူး" ဘတ်ဟျွန်းက စိတ်သက်သာရာရသွားသလို သက်ပြင်းချသည်။ "ဒါပေမယ့် ဆရာကတော့မင်းကို ဆေးရုံမှာ ရက်နည်းနည်းလောက်ထပ်နေစေချင်တယ်"

"ဘာလို့လဲ?" ချန်းယောလ်မေးလိုက်သည်။

"ဘေဘီ" ချန်းယောလ် ဘတ်ဟျွန်းကိုကြည့်လာသည်။ လူတွေအရှေ့မှာ ချန်းယောလ်ကို ဘေဘီလို့ခေါ်တာ ဘတ်ဟျွန်းအတွက်သိပ်မရင်းနှီးသေးတာမို့ ဘတ်ဟျွန်းနည်းနည်းရှက်သွားသည်။
"ခင်ဗျားခေါင်းကဒဏ်ရာက တော်တော်ဆိုးတယ်၊ အဲ့ဒါကြောင့်မို့ ခင်ဗျားသက်သာဖို့အတွက်ပြောတာ နော်?"

ချန်းယောလ်ခေါင်းငြှိမ့်ပြလိုက်တော့ ဆရာဝန်ကလဲလက်ခံလိုက်သည်။ "ဒါပေမယ့် ဆရာတို့ မင်းရဲ့ကျန်းမာရေးအာမခံချက်ကိုလိုတယ်၊ ဖြစ်နိုင်ရင်ပေါ့"

Innocence ( Translation )Where stories live. Discover now